တွေးမိ​တွေးရာ...[ it's not the part of story , just my thought ]

10.3K 836 96
                                    

ကျွန်​​တော်​ ​တောအုပ်​ဆီ အလည်​သွားတယ်​ ! အဲ့ဒီ့မှာ Kokonoe နဲ့ ​တွေ့တယ်​ ! သူက​မေးတယ်​ !

"မင်း စိတ်​ညစ်​လာပြန်​ပြီလား " တဲ့

ကျွန်​​တော်​က "အင်း " လို့ ပြန်​​ဖြေ​တော့

သူက ယပ်​​တောင်​ကို တဖြတ်​ဖြတ်​ခပ်​ရင်း အ​ဝေးကို ​ငေးကာ

"ဘဝဆိုတာ ဒီလိုပါပဲ ကွာ~" တဲ့

ဒီလိုနဲ့ ကျွန်​​တော်​သူနဲ့ စကားထိုင်​​ပြောဖြစ်​တယ်​ !

"ခင်​ဗျား​တောအုပ်​က​တော့ ​အေးချမ်း​နေတာပဲ​နော်​"

"အဟက်​ ~ တခြားသူရဲ့ ​တောအုပ်​မှ မဟုတ်​ပဲ ! ငါ့​တောအုပ်​ပဲကို ​အေးချမ်းတာ အဆန်းလား?"

သူ့ပြုံးစစ ဘဝင်​မြင့်​ဟန်​က ကျွန်​​တော့်​ကို ပြုံးသွား​စေတယ်​ !

"ဒါ​ကြောင့်​လည်း ကျွန်​​တော်​ စိတ်​ညစ်​တိုင်း ခင်​ဗျားဆီလာလည်​မိတာ ဖြစ်​မယ်​ဗျ"

"ဟိတ်​ဟိတ်​ မင်း​ပြောမှပဲ ငါက ​ပျော်​​တော်​ဆက်​ပုံဖြစ်​​နေပြီ ! ပြင်​​ပြောစမ်းကွာ"

သူကအလိုမကျဟန်​ပါပဲ ! သူ့မာန ထိခိုက်​တယ်​လို့ ယူဆပုံရတယ်​ ! ဒါနဲ့ ကျွန်​​တော်​လည်း ပြင်​​ပြောလိုက်​ရတယ်​ !

"မဟုတ်​ပါဘူး ကျွန်​​တော်​ဆိုလိုတာက ခင်​ဗျား​တောအုပ်​က ​အေးချမ်း​တော့ ကျွန်​​တော့်​စိတ်​​တွေ အုံ့မှိုင်း​နေတာကို ​ပြေ​ပျောက်​​စေတယ်​ ! ခင်​ဗျားလို အရာရာမှာ သန်​မာပြီး စိတ်​ဓာတ်​ခိုင်​မာတဲ့ သူနဲ့​တွေ့ရ​တော့ ကျွန်​​တော်​လည်း ​ရေ​ကျော​မြေ​ကျောလိုက်​ပြီး စိတ်​ဓာတ်​​တွေ ခိုင်​မာသွားတာ​ပေါ့ဗျာ ! ဒါ ခင်​ဗျားရဲ့ အစွမ်းအစ​တွေ​ပေါ့ ! အင်း ထုတ်​သုံးစရာ​တောင်​မလိုတဲ့ အစွမ်းအစ​တွေ​လေ ဒါ​ကြောင့်​ ကျွန်​​တော်​ ​ကြေကွဲပြိုလဲချိန်​ ခင်​ဗျားဆီလာလည်​ရင်​ စိတ်​ဓာတ်​ပြန်​လည်​ ခိုင်​မာလာတယ်​ ​ပျော်​လာတယ်​လို့​ပြောတာပါ "

"​သြော်​ ​အေး အဲ့ဒီလိုလား အဟက်​ဟက်​~"

သူက သ​ဘောကျသွားဟန်​ပါပဲ ! ​ခေါင်း​မော့ပြီး ရယ်​​မောလိုက်​တာ သူ့သွားစွယ်​ချွန်​ချွန်​​တွေကို ကျွန်​​တော်​ မြင်​​နေရတယ်​ ! ​နေ​ရောင်​​အောက်​မှာ သူ့​ငွေမှင်​​ရောင်​ဆံနွယ်​ရှည်​​တွေက လွင့်​ဝဲလို့ !

Unbreakable (Zawgyi Version)Where stories live. Discover now