Chapter 7

13.7K 1.2K 52
                                    

သ​ဘောင်္က ကမ်းက​နေ တဖြည်းဖြည်း​ ​ဝေးကွာလို့သွားတယ်​! အုပ်​လိုက်​ပျံသန်း​နေတဲ့ ဇင်​​ယော်​​တွေက လက်​ပြနှုတ်​ဆက်​​နေသလိုပဲ! တဖက်မှာ ကိုယ်​မသိတဲ့ ခရီးဆုံးရာ ​ရေခြား​မြေခြားတစ်​ခု.......​ဝေဝါးတဲ့ ကမ်းမမြင်​လမ်းမမြင်​ကို ဖြတ်​ကာ ခရီးတစ်​ခုစခဲ့သည်​​ပေါ့!

"Iori ဘယ်​မှာလည်း?"
"သ​ဘောင်္ကုန်းပတ်​​ပေါ်မှာ ထင်​တယ်​ သခင်​မ"

Shijou သခင်​မ သ​ဘောင်္ကုန်းပတ်​​ပေါ်​ တက်​ကြည့်​လိုက်​​တော့ ပင်​လယ်​ပြင်​တ​နေရာကို ဦးတည်​ရာမဲ့​ငေး​နေတဲ့ သား​တော်​​မောင်​ကို​တွေ့ရတယ်​!

"သား ဟို​ရောက်​ရင်​ ​ပျော်​သွားမှာ !ဟိုက ရှုခင်း​တွေ သိပ်​လှတာပဲသိလား! "

တုန့်​ပြန်​သံမရှိတဲ့ တဖက်​သတ်​စကားဝိုင်းမှာ Shijou သခင်​မရဲ့စကားသံ​တွေ ​ဝေဆာလို့!

"​နေရာသစ်​မှာ လူသစ်​ စိတ်​သစ်​​ပေါ့သား​ရယ်​!"

ပြန်​​ဖြေသံက တိတ်​ဆိတ်​​နေဆဲ......

ပင်​လယ်​ကို ​ငေး​မော​နေဆဲ.....

သူ့လည်​ပင်းက နက်​ကတိုင်​​လေးလည်း ​လေနှင်​ရာ လွင့်​ဝဲ​နေဆဲ.......

"သား ​မေ​မေ့ကိုကြည့်​စမ်း"

Shijou သခင်​မရဲ့ ချိုသာ​ပေမယ့်​ အမိန့်​သံဆန်​တဲ့ စကားသံ !

သူက​တော့ ​ကျောခိုင်းကာ ပင်​လယ်​ကို ​ငေး​နေဆဲပဲ​.....

"သား...Iori!"

Shijou သခင်​မက လှည့်​မလာတဲ့ Iori ပုခုံးကို စိတ်​မရှည်​စွာ ဆွဲလှည့်​လိုက်​တယ်​!

"ဟင်​....."

မြင်​လိုက်​ရတဲ့ မျက်​ဝန်းညို​တွေ.....

ဒါ.....

__________Unbreakable__________

"Iori ..... အဲ့ဒီ့​ကောင်​​လေး ဒီမနက်​ပဲ အင်္ဂလန်​ကို ထွက်​သွားပြီ"

ကြားလိုက်​ရတဲ့ စကားသံက Kokonoe နားထဲကို သံရည်​ပူ​လောင်းချလိုက်​သလိုပဲ!

တခဏငြိမ်​သက်​သွားတဲ့ Kokonoe ကို Daikaku ​ကြောင်​ကြည့်​​နေမိသည်​!

Unbreakable (Zawgyi Version)Where stories live. Discover now