Chapter 2

20.9K 1.4K 1
                                    

"​မေ..​မေ"

ကျွန်​​တော့်​ မျက်​လုံး​တွေ​ကိုတောင်​ မယုံနိုင်​​လောက်​​အောင်​ ​မေ​မေက အခန်းတံခါးဝမှာ ရပ်​လို့​နေတယ်​! ​မေ​မေ အမြဲဝတ်​​နေကျ Shijou အိမ်​​တော်​ရဲ့ အဆင့်​အတန်းကို ​ဖော်​ပြ​နေတဲ့ အထက်​တန်းစား ကီမိုနိုနဲ့ ​အတူ ​မေ​မေမျက်​နှာမှာ အမြဲမြင်​​တွေ့​နေ​ရ ​နေကျ စူးရှ ထက်​မြက်​တဲ့ အမူအရာတစ်​ခု ! ပြတ်​သားမှု ရှိတဲ့ နှုတ်​ခမ်းပါးတစ်​စုံက​တော့ အနည်းငယ်​ပြုံး​ရောင်​သန်း​နေသလို.....ဒါက​တော့ ကျွန်​​တော်​ စိတ်​ထင်​တာပဲဖြစ်​လိမ့်​မည်​!

"သား Iori "

အနည်းငယ်​ နူးညံ့သ​ယောင်​ရှိတဲ့ ​မေ​မေ ဆီက​ခေါ်သံ​ကြောင့်​ ကျွန်​​တော့်​ရင်​ထဲ လှိုက်​ကနဲ တစ်​ချက် ခံစားလိုက်​ရသည်​!

"​မေ​မေ ​မေ​မေ သားဆီကိုလာတယ်​!!!!"

ကျွန်​​တော်​ ​မေ​မေကို အ​ပြေးဖက်​လိုက်​မိတယ်​! ​မေ​မေက ကျွန်​​တော့်​ကိုယ်​​လေးကို အသာထိန်း​ပွေ့ထားရင်​ ​ကျွန်​​တော့်​​ကျောပြင်​ကို အသာအယာ ပွတ်​သပ်​​ပေး​နေတယ်! ငယ်​စဉ်​ကတည်းက အကိုရခဲ့သလို မရခဲ့တဲ့ ​မေ​မေဆီက ​နွေး​ထွေးမှု​တွေ ကျွန်​​တော်​အခု လက်​ခံရ​နေတာလား? ဒါအိမ်​မက်​တစ်​ခုမဟုတ်​တာက​တော့ အ​သေအချာပင်​ဖြစ်​သည်​! ကျွန်​​တော်​ ​ဝေ့ဝဲလာတဲ့ မျက်​ရည်​​တွေကို ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ရင်း ​မေ​မေ့မျက်​နှာကို ​မော့ကြည့်​​​နေမိသည်​! ​မေ​မေ​က ကျွန်​​တော့်​ပါး​လေးနှစ်​ဖက်​ကို လက်​က​လေးနဲ့ အသာအုပ်ပြီး ပြုံးပြတယ်​!

ကျွန်​​တော်​ မျက်​ဝန်းထဲမှာ မျက်​ရည်​​တွေ ပိုပြည့်​လာသလိုပဲ.....​မေ​မေ့ရဲ့ ဂရုစိုက်​မှု​သေး​သေး​လေးက​တောင်​ ကျွန်​​တော့်​ရင်​ကို ​ဗြောင်းဆန်​​အောင်​ ခံစားရ​စေသည်​!

**Kokonoe sama ကျွန်​​တော်​​လေ အရမ်းဝမ်းသာတာပဲ ....​မေ​မေ​လေ ကျွန်​​တော့်​ဆီကို လိုက်​လာတယ်​ Kokonoe sama နဲ့ ​မေ​မေကို မိတ်​ဆက်​​ပေးချင်​လိုက်​တာ....**

အ​တွေးတိမ်​တိမ်​​ပဲ ​တွေးတတ်​တဲ့ ကျွန်​​တော်​ ....... အ​ယောင်​​ဆောင်​မှု​တွေ ​နောက်​ကွယ်​က လှည့်​ဖျားမှု​တွေကို မမြင်​တတ်​ခဲ့ပါဘူး....

Unbreakable (Zawgyi Version)Where stories live. Discover now