Yeol တို့အဖွဲ့ Canteen မှာ ရှိနေတုန်း ကောင်လေးနှစ်ယောက်ရောက်လာကာ Yeol နားကပ်ပီး စကားတချို့ပြောတော့ Yeol လည်းမဲ့ပြုံးပြုံးလိုက်တယ် Kris တို့ကတော့ Yeol ဘာတွေကြံပြန်ပြီလဲဆိုသော အကြည့်များနှင့် ကြည့်နေကြတယ် ကောင်လေးနှစ်ယောက်ပြန်ထွက်သွားမှ Krisလည်း
''Yeollie မင်းဘာတွေကြံနေတာလဲ ဒီတစ်ခေါက်ရောဘယ်သူ့ကိုဒုက္ခပေးမလို့လဲ''
Yeol လည်းတစ်ချက်ရယ်လိုက်ပီး
''မကြံသေးပါဘူးကွာ အခုမှစုံစမ်းတုန်း အခြေနေစောင့်ကြည့်နေတယ်''
Kris လည်းဆက်မမေးတော့ပဲ ခေါင်းတညိမ့်ညိမ့်နဲ့ကော်ဖီတစ်ငုံကို သောက်လိုက်တယ် အဲ့ကောင်လေးနှစ်ယောက်က Yeol ရဲ့သတင်းပေးလေ သူတို့လာပီဆိုရင် တစ်ယောက်ယောက်ကိုဒုက္ခပေးမယ်ဆိုတာ Kris လည်းသိပီးသားဆိုတော့ Sehun တစ်ယောက်ကတော့ Kris မမေးတော့တဲ့မေးခွန်းကိုဆက်မေးလိုက်တယ်
''ဘယ်သူ့အကြောင်းကို စုံစမ်းနေတာလဲ''
''ဘယ်သူရှိရမလဲတောသူမပေါ့''
Sehun ကတော့ တောသူမဆိုတော့ ဝမ်းသာအားရနှင့် လက်ခုပ်တီးကာ
''wow စိတ်ဝင်စားစရာပဲ သူ့ကိုသာကစားရင် တော်တော်ပျော်ဖို့ကောင်းမှာပဲ''
''Ahk ဘယ်လိုပညာပေးရမလဲဆိုတာ ဖြည်းဖြည်းချင်းစဉ်းစားကြတာပေါ့''
Sehun လည်း Yeol စကားကိုထောက်ခံရင်း
တပြုံးပြုံးနဲ့ Kai ကိုကြည့်လိုက်တော့ ခါတိုင်းလိုပဲ သူတို့ပြောစကားကို သိပ်စိတ်မဝင်စား Kai ကိုတွေ့မှ Sehun တစ်ယောက် ကျောင်းအပြန် Baek ကို အိမ်ပြန်ပို့ရမယ့်ကိစ္စကိုသတိရသွားပီး''ဒီနေ့အိမ်ပြန်ရင် Kai မင်းရဲ့ကားနဲ့ပဲ Baekhyun ကို ခေါ်သွားမှာမှတ်လား''
Sehun ပြောလိုက်တဲ့စကားကို Yeol ကလည်းဝင်ထောက်ခံရင်း
''ငါတို့အကြံစည်မပြီးမြောက်ခင်တော့ Kai မင်းသူ့ကိုအကြိုပို့လုပ်ပေး''
''ရတယ်လေ ငါကကိစ္စမရှိဘူး မင်းတို့စားပီးရင် Basketball ကစားတဲ့နေရာကိုလာခဲ့တော့ ငါသွားနှင့်ပီ''
Kai ထထွက်သွားမှ Sehun တစ်ယောက်လည်း Kai ရဲ့နောက်ကျောပြင်ကို ကြည့်ပြီးခေါင်းတရမ်းရမ်းနှင့်
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား