Part - 25

2.8K 253 18
                                    

ကျောင်းဖွင့်တဲ့နေ့လေးတစ်နေ့
တနည်းအားဖြင့် Hanna ရဲ့ပထမဆုံး
ကျောင်းစတက်တဲ့နေ့လေးပေါ့

''Hanna လာလေ အခန်းလိုက်ပြပေးမယ်''

''Baek ရောအခန်းထဲဝင်တော့မှာလား''

''Arnyi Baek သူငယ်ချင်းတွေက Canteen မှာ သူတို့ဆီသွားပီးမှအတန်းထဲဝင်မှာ''

''ဒါဆို Baek သူငယ်ချင်းတွေနဲ့ Hanna ကို မိတ်ဆက်ပေးပါ့လား''

''အင်းအာ့ဆိုလာလေ အတူသွားမယ်''

Hanna နဲ့ Baek Canteen ကိုဝင်လာတော့
Soo နဲ့အတူ Yeol တို့လေးယောက်ပါထိုင်နေကြတယ်
Baek လည်း Soo တို့ဝိုင်းကို လျှောက်သွားလိုက်တယ်

''Morning Baek''

Baek လာနေတာတွေ့တော့ Soo လက်လှမ်းပြရင်းနှုတ်ဆက်လိုက်တယ်
ကျန်တဲ့လူတွေကလည်းBaekကိုအပြုံးနဲ့ ကြိုဆိုနေကြတယ် Baek လည်း Hanna နဲ့အတူ စားပွဲမှာဝင်ထိုင်လိုက်ပီး

''Soo Chen တစ်ယောက်ကို မတွေ့ပါလား ကျောင်းမလာသေးဘူးလား''

''မိ Chen တစ်ယောက် သူ့ချစ်ချစ် Suho နဲ့ပါသွားပီလေ''

Baek လည်းအံ့အားသင့်နေလေရဲ့ Chen ဆိုတာ Suho နဲ့ဒီလောက်အချိန်လေးအတွင်းမှာ ဒီအခြေနေထိရောက်သွားတယ်ဆိုတော့လေ

''သူတို့က ရည်းစားဖြစ်သွားပီလား Baek တောင်မသိလိုက်ဘူး လျှိုထားတာကြည့် လာမှတွေ့မယ် ဟွန့်''

Baek အပြောကိုတော့ Chanyeol တစ်ယောက်ပြုံးပီးကြည့်နေလေရဲ့ Soo ကတော့ Baek ကိုမကြည်ကြည့်နဲ့ ကြည့်ပီး

''Baek အကြောင်းကိုရော Soo တို့ကိုပြောပြလို့လား Baek လည်းလျိုထားတာပဲ''

''Baek က ဘာလျှိုထားလို့လဲ Soo ရဲ့''

Baek က သူ့ပုံစံအတိုင်း ဖြူစင်တဲ့မျက်နှာလေးနဲ့ ကလေးသဖွယ် တကယ်မသိတာမို့ပြန်မေးလိုက်တယ်

''Baek နဲ့ Yeol ချစ်သူဖြစ်သွားတာလေ အရင်ကဟန်ဆောင်တာဆို ဟိုရောက်မှ အတည်ဖြစ်သွားတာဆို''

''အဲ့ အဲ့ဒါကတော့''

Baek လည်း ဘေးက Hanna ကိုကြည့်လိုက်တော့ သူ့မျက်နှာမှာအလိုမကျမှုကိုတွေ့လိုက်ရတယ်

''ဒါနဲ့ Soo ကို မိတ်ဆက်ပေးရအုံးမယ် ဒါက Baek ရဲ့ညီမ Hanna တဲ့ Hanna ဒါက Do Kyung Soo တဲ့ Baek တို့ကတော့ Soo လို့ပဲခေါ်ကြတယ်''

Our Friendship  [completed]Where stories live. Discover now