Chanyeol တစ်ယောက် Baek ကို လက်ဆွဲခေါ်လာပီး ကျောင်းအားကစားကွင်းနားက သစ်ပင်အောက်ကိုရောက်လာခဲ့တယ်
''လွှတ် Baek ကိုလွှတ်ပါ Chanyeol shi လက်နာနေပီ''
Baek အသံကြားမှ Chanyeol လည်းသတိဝင်ကာ Baek လက်ကိုလွှတ်ပေးလိုက်တယ် Baek ကတော့ Chanyeol အတင်းဆွဲလာလို့ နီနေတဲ့ သူ့လက်လေးကိုပွတ်ပီး
''နာလိုက်တာ''
''ငါတို့တွဲရအောင်''
''ဘယ် ဘယ်လို''
Baek လည်းထင်မှတ်မထားတဲ့ စကားကြားလိုက်ရတော့ Chanyeol ကို ကြောင်ကြည့်နေမိတယ်
''တွဲရအောင်လို့ပြောတာလေ ဘာလို့လဲ လူတိုင်းကငါနဲ့တွဲချင်ကြတယ် မင်းကံကောင်းတယ်မှတ် ငါကိုယ်တိုင်က မင်းကိုတွဲရအောင်လို့အရင်ပြောလို့''
''Chanyeol နဲ့ Baek တွဲရအောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာမှမဟုတ်တာ''
''ချစ်ဖို့မလိုဘူး တွဲဖို့ပဲလိုတယ် ချစ်တိုင်းတွဲဖြစ်တာမဟုတ်သလို မချစ်ပဲလည်းတွဲကြတာပဲလေ''
Baek လည်း Chanyeol စကားကြောင့် စိတ်တိုသွားတယ်
''ဒီမှာ Park Chanyeol shi Baek ကတော့ မချစ်ပဲလုံးဝမတွဲနိုင်ဘူး''
''မရဘူးမင်းငါနဲ့တွဲကိုတွဲရမယ် ငါပြောသလိုပဲလုပ်''
''Baek က Chanyeol တွဲချင်တိုင်းတွဲရအောင် Chanyeol ခိုင်းသမျှလုပ်ရအောင် အရုပ်မဟုတ်ဘူး လူ ခံစားချက်ရှိတဲ့လူ ကိုယ်မချစ်တဲ့လူတစ်ယောက်ကိုတော့ ဘယ်တော့မှမတွဲနိုင်ဘူး''
Baek လည်းအရင်ကကြောက်တတ်ပေမယ့် အခုလိုမျိုးဆိုတော့ ကြောက်စိတ်တွေမရှိတော့ပဲ စိတ်ထဲမှာရှိတဲ့အတိုင်းပြောချလိုက်တယ်
''မင်းငါနဲ့တွဲကိုတွဲရမယ် Baekhyun''
Chanyeol လည်း Baek ကို သစ်ပင်နဲ့ထိကပ်အောင် တွန်းလိုက်ပီး အတင်းနမ်းလိုက်တယ် Baek ကတော့ Chanyeol ရင်ဘတ်ကိုအတင်းတွန်းလိုက်ပီး သူ့နှုတ်ခမ်းသူ လက်နဲ့ကြမ်းတမ်းစွာပင် ပွတ်လိုက်တယ်
''ဒီမှာ Park Chanyeol ရှင့်ကို Baek လုံးဝမတွဲဘူး Baek ကိုဒီလိုမျိုးလာပီးအနိုင်မကျင့်နဲ့ ဒီနေရာမှာ Kai ဆိုရင်တောင် Baek စဉ်းစားချင်စဉ်းစားမယ် အခု Chanyeol မလို့ကို လုံးဝမစဉ်းစားတာ လူတစ်ဖက်သားကို အမြဲအနိုင်ကျင့်တဲ့ ရှင်မလို့ကို မစဉ်းစားတာ''
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား