Part - 6

2.9K 277 6
                                    

Kai ပြန်သွားပီးခဏကြာတော့ Baek လည်း အတန်းထဲသွားခဲ့တယ် အတန်းထဲလည်းရောက်ရော Baek ရဲ့ စားပွဲခုံပေါ်မှာ correction တွေနဲ့ လျှောက်ခြစ်ထားကြတယ် Baek ထိုင်လို့မရအောင် ပီကေတွေလည်း ကပ်ထားသေးတယ်

''Baek''

နာမည်ခေါ်ရာနေရာကို လှမ်းကြည့်လိုက်တော့ Chen က လက်ဝေ့ရမ်းပြနေတယ် Baek လည်း Chen နားသွားလိုက်တော့ Chen က

''Baek ဘာဖြစ်ကြတာလဲ ခုနက ကောင်မလေးတချို့အတန်းထဲလာပီး ငါတို့ခုံကိုလုပ်သွားတယ် ဒီအတန်းထဲက ကောင်မလေးတွေလည်း ကြံရာပါပဲ''

Chen ပြောလိုက်တဲ့စကားကြောင့် Baek လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ Baek ကို မကြည်ကြည့်နဲ့ကြည့်နေကြတာကို တွေ့ရတယ် Baek လည်း Kai သတိပေးခဲ့တဲ့စကားကို ပြန်သတိရပီး

''Chen ဒီနေ့ငါ အတန်းမတက်တော့ဘူးဟာ ငါ့ကိုမနက်ဖြန်စာအုပ်ငှားနော်''

''နင်ကဘယ်သွားမလို့လဲ''

''အင်းးးးးအေးဆေးတဲ့တစ်နေရာရာပေါ့''

''Baek သတိထားအုံးနော် ခုနကအဖွဲ့က နင့်ကို''

Chen စကားမဆုံးခင်ပဲ Baek တစ်ယောက် အခန်းအပြင်ကိုမြန်မြန်ထွက်သွားတယ် အခန်းပြင်လည်းရောက်ရော Chanyeol ကို ကြိုက်နေတဲ့ကောင်မလေးတချို့နဲ့တွေ့တယ် အဖွဲ့ကိုဦးဆောင်လာတဲ့ခေါင်းဆောင်လို့ ထင်ရတဲ့ ကောင်မလေးတစ်ယောက်က Baek လာနေတာလည်းတွေ့ရော Baek ကို လဲကျအောင် တမင်ခြေထိုးခံလိုက်တယ် Baek လည်း လဲကျသွားရောအဲ့ကောင်မလေးက

''အော် ဘယ်သူများလဲလို့ ငါတို့ မတို့ရက် မထိရက်နဲ့တန်ဖိုးထားရတဲ့ Yeol ကို နှာခေါင်းသွေးထွက်အောင် လုပ်တဲ့တစ်ယောက်ပဲ''

Baek လည်းလဲကျနေရာမှ

''အဲ့ဒါငါတမင်လုပ်တာမဟုတ်ဘူး မတော်တဆဖြစ်သွားတာ''

''ဘာမတော်တဆဟုတ်လား ငါတို့လည်းနင့်ကိုမတော်တဆလုပ်ပြမယ် ဟုတ်တယ်မှတ်လား chingu တို့''

''ဟုတ်တာပေါ့''

ကျန်တဲ့ကောင်မလေးတွေကလည်း ထောက်ခံကြတယ်

''ငါ့ကိုဘောလုံးပေး''

ခေါင်းဆောင်ကအနောက်ကကောင်မလေးတစ်ယောက်ဆီက ဘောလုံးကိုတောင်းပြီး Baek မျက်နှာတည့်တည့်ကို ပေါက်လိုက်တယ် Baek နှာခေါင်းသွေးထွက်သွားတာတောင် မကျေနပ်သေးပဲ Baek ပေါ်ကို ရေနဲ့လောင်းကြတယ် Baek လည်း ပြန့်ကျဲသွားတဲ့စာအုပ်တွေကိုကောက်  လွယ်အိတ်ကိုအမြန်လွယ်ပြီး ကောင်မလေးတွေကို ဝင်တိုက်ကာ ကြောက်ကြောက်နဲ့အတန်းရှေ့ကနေ ပြေးထွက်ခဲ့တယ် ကျောင်းပေါက်လဲရောက်ရော ကျောင်းထဲကိုဝင်လာတဲ့ပြိုင်ကားနဲ့ တိုက်မိမလိုဖြစ်သွားတယ် တော်သေးတာပေါ့ ကားကဘရိတ်အုပ်မြန်လို့ Baek လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကားရှေ့မှာပဲ ထိုင်ချပြီးငိုလေရဲ့ ကားထဲကနေ စိတ်တိုပြီးထွက်လာသူက Sehun

Our Friendship  [completed]Where stories live. Discover now