Part - 24

2.6K 238 25
                                    

Byun အိမ်တော်ကြီးရဲ့ ဧည့်ခန်းတွင် Byun သူဌေးကြီးနဲ့အတူသူဌေးသားလေးတွေအပြင် သူဌေးကြီးမြေးနှစ်ယောက်ပါ အတူထိုင်နေကြတယ်

''မြေးလေးတို့မှတ်ထားကြနော်    ဒါကအဖိုးရဲ့မြေး Byun Hanna တဲ့  အဖိုးရဲ့သမီးကို သဘောမတူတဲ့လူနဲ့ယူလို့ အမွေပြတ်စွန့်လွှတ်ခဲ့တာလေ သူတို့တွေ China မှာနေပီးဒီကမြေးလေးကိုမွေးခဲ့တာ ကံမကောင်းစွာနဲ့ အဖိုးရဲ့သမီးနဲ့သမက်ကတော့ ဆုံးသွားရှာပီ အခုမှ အဖိုးမြေးလေးကို ပြန်တွေ့ရတာလေ Baek မြေးလည်းမှတ်ထားနော် Hanna ကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေး ဟုတ်ပီလား မြေးတို့လွတ်လွတ်လပ်လပ် စကားပြောကြအုံး အဖိုးနားလိုက်အုံးမယ်''

''Nae အဖိုး''

Byun သူဌေးကြီးအပေါ်တက်သွားတော့ Baek တို့တွေပဲကျန်ခဲ့တယ် Hanna လည်း Baek ဘေးကိုသွားထိုင်ပီး Baek လက်ကိုချိတ်ကာ

''Annyeong Baek Hanna တို့ညီမအရင်းတွေလို ချစ်ချစ်ခင်ခင်နေကြမယ်လေနော်''

''Nae''

''တကယ်နော်ပျော်တာ ဟီးး''

Hannaလည်း Baek ကိုဖက်လိုက်ပီး Chanyeol တို့ ဘက်လှည့်ကာ

''ဟိုလေ ဒီက Oppa တို့နာမည်က''

''Oppa မဟုတ်ဘူး မင်းနဲ့အသက်တူတူပဲ နာမည်ပဲခေါ် ငါ့နာမည် Chanyeol''

''Arr Nae Chanyeol shi ကလည်း စိတ်ကြီးပဲနော် ချစ်ဖို့ကောင်းလိုက်တာ စိတ်တိုတဲ့ပုံကလည်း ခ်ခ် ''

''ဘာ''

Baek လည်းပြသနာတက်မှာ မလိုလားတာကြောင့်

''Hanna ဒါက Chanyeol Kris Sehun Kai မှတ်ထားနော်သူတို့ကခင်ဖို့ကောင်းတယ်''

''Nae Baek ကိုခင်သလိုပဲ Hanna ကို ခင်ပါနော် မနက်ဖြန် Hanna လည်း Baek တို့ကျောင်းကိုပဲတက်ရမှာ''

''Hanna က Baek တို့နဲ့တူတူပဲ ဟုတ်လား အခန်းရောဘယ်အခန်းလဲ''

Baek တစ်ယောက် တအံ့တသြမေးလိုက်တယ်

''Hanna က C ခန်း အခန်းတော့မတူဘူး ကျောင်းတော့တူတူသွားမယ်လေ နော် Baek''

Baek လည်းဘာပြန်ပြောရမှန်းမသိတော့ Chanyeol ကိုကြည့်ရင်း အမူယာနဲ့မေးလိုက်တယ် Chanyeol ကပဲ Hanna ကိုပြောလိုက်တယ်

Our Friendship  [completed]Where stories live. Discover now