Part - 13

2.8K 268 14
                                    

Byun စံအိမ်တော်ကြီးမှာပေါ့ Byun သူဌေးကြီးနဲ့အတူ Baek တစ်ယောက် ညစာစားဖြစ်တယ်လေ

''မြေးမလေး ဒီနေ့မျက်နှာမကောင်းပါ့လား ကျောင်းမှာဘာဖြစ်လာတာလဲ''

''ဘာမှမဖြစ်ပါဘူး အဘိုးရဲ့ Baek အဆင်ပြေပါတယ်''

''အဆင်ပြေတယ်သာပြောတယ် မျက်နှာက ဖောင်းမို့နေတာပဲ ငိုထားတာလား ဧကန္တ ဟိုကောင်လေးတွေအနိုင်ကျင့်လိုက်ပြန်ပီလား''

''Arnyi Baek ဒီနေ့ပင်ပန်းနေလို့ပါ''

''ပင်ပန်းရင်စောစောနားလိုက်နော် မြေးလေး''

''Nae''

''ဒါနဲ့မြေးကိုမှာထားရအုံးမယ် ဟိုကောင်လေးလေးယောက်နဲ့အခုခင်နေပီလား''

''Nae''

''အဲ့ဒါဆို အဲ့ကောင်လေးလေးယောက်ကို အနီးကပ်လေ့လာထား သူတို့ထဲက တစ်ယောက်က တနေ့နေ့တချိန်ချိန်မှာ ငါ့မြေးရဲ့အိမ်ထောင်ဖက် ဖြစ်လာလိမ့်မယ်''

Byun သူဌေးကြီးလည်း Baek ကိုပြောပြီးတာနဲ့ ထမင်းစားပွဲကထသွားလေရဲ့ Baek မှာတော့ Byun သူဌေးကြီးရဲ့စကားကြောင့် ထမင်းတောင်ဆက်မစားနိုင်ပဲ စဉ်းစားစရာတွေဖြစ်ကုန်တယ် ခဏကြာတော့
Baek ရဲ့ဖုန်းလေးမြည်လာတယ် ဖုန်းနံပါတ်ကတော့မသိတဲ့တစ်ယောက်ပေါ့

''Yeobosayaw''

''Baekhyun လား ငါ Chanyeol''

Chanyeol ဆိုတာကြောင့် Baek လည်း ကြောက်လန့်ပီးစကားတွေထစ်ကုန်တယ်

''Chan Chanyeol ဘယ်လိုလုပ်ပီ Baek ရဲ့ ဖုန်းနံပါတ်ကို...''

''ငါ Kai ဆီကယူထားတာ အခုမင်းအိမ်ထဲမှာလား အပြင်ခဏထွက်ခဲ့''

''Nae! ဒီအချိန်ကြီး ဘာလို့လဲ''

''ဘာလို့လဲပြန်မမေးနဲ့ အခုငါမင်းအိမ်ရှေ့မှာ မင်းခဏထွက်ခဲ့စကားပြောစရာရှိတယ်''

''ဟိုဟာ ပြောစရာရှိရင် မနက်ဖြန် ကျောင်းရောက်မှပြောပါလား''

Baek လည်း Chanyeol ကိုမတွေ့ရဲဘူးလေ လူတွေအများကြီးရှေ့မှာတောင် သူ့ကိုနမ်းတာ အခုလိုနှစ်ယောက်ထဲဆို ဘာလုပ်မလဲမတွေးရဲ စရာပဲ Baek ဘယ်လိုငြင်းရမလဲလို့ စဉ်းစားနေတုန်းမှာပဲ ဟိုဘက်က Chanyeol လည်းစကားဆက်မပြောပဲ ငြိမ်နေတယ်

Our Friendship  [completed]Where stories live. Discover now