Part - 23

2.8K 245 13
                                    

သူတို့တွေ ကိုယ့်လာရာမြေကို ပြန်ဖို့အချိန်ကျပီဖြစ်လို့ အဝတ်တွေသိမ်းဆည်းနေတယ် ပင်လယ်ကြီးကလည်း နှုတ်ဆက်နေသည့်အလား Baek တစ်ယောက်ကတော့ အဝတ်တွေသိမ်းပီးတာမို့ ကမ်းခြေကိုလမ်းလျှောက်ရန်ထွက်လာခဲ့တယ် Kris တစ်ယောက်လည်း ကမ်းစပ်ကခုံတစ်ခုပေါ်ထိုင်ရင်း ပင်လယ်ပြင်ကြီးကို ငေးကြည့်နေလေရဲ့

''Kris''

Baek ခေါ်သံကြားတော့ Kris လည်းလှည့်ကြည့်လိုက်ပီး

''Baek ပြန်ဖို့မပြင်ဆင်သေးဘူးလား''

''Baek က အားလုံးအဆင်သင့်ဖြစ်ပီ သွားခါနီးမှအဝတ်စားလဲတော့မယ်''

''အော်''

Baek လည်း Kris ဘေးကိုဝင်ထိုင်လိုက်ရင်း ပင်လယ်ပြင်ကြီးကိုငေးကြည့်နေမိတယ် နှစ်ယောက်သားခဏတော့ တိတ်ဆိတ်သွားတယ်

''ဒီလိုကြီးကျတော့ ဝမ်းနည်းစရာကြီးနော်''

Baek ကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေရဲ့ Kris လည်း Baek ကိုတစ်ချက်ကြည့်ပီး ပင်လယ်ပြင်ကို ပြန်ပီးငေးကြည့်ကာ

''အင်း ဆွေးစရာကြီး ထွက်ခွာသွားတဲ့လူတွေက ထွက်ခွာသွားတော့ ကျန်ခဲ့တဲ့လူမှာ လွမ်းဆွေးရတာပေါ့''

''Nae!''

Kris စကားကို Baek တစ်ယောက်နားမလည်ပဲ ဖြစ်နေတယ် Kris လည်းအခြေနေကို သဘောပေါက်သွားတာကြောင့်

''ငါကလူနဲ့နှိုင်းယှဉ်ပြောတာလေ သဘောပြောပြတာ''

''အော် ဟိုဟာလေ Kris''

''အင်း''

Kris တစ်ယောက် Baek ကိုကြည့်ပြီး ဘာပြောမလဲဆိုတာ စောင့်နေတယ် Baek လည်းအားနာတာကြောင့် 

''ဟိုဟာ''

''အင်း ပြောလေ Baek''

''Baek Chanyeol ကို ချစ်မိသွားလို့ အဲ့ဒါ Kris ပြောထားတဲ့စကားကိုလေ''

Baek လည်းအားနာနေတယ်ဆိုတာ Kris သဘောပေါက်တာကြောင့်

''အင်းငါနားလည်ပါတယ် အချစ်ဆိုတာ လုပ်ယူလို့မှမရတာ ငါ့ကိုအားနာစရာမလိုပါဘူး
ငါတို့တွေအရင်းနှီးဆုံးသူငယ်ချင်းတွေ လုပ်လို့ရသေးတယ်မှတ်လား''

Our Friendship  [completed]Where stories live. Discover now