Part - 17

2.9K 271 39
                                    

မိုးရွာထားတာကြောင့်ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးစိမ်းဆိုပီး သာယာအေးချမ်းလျက် ကျောင်းသူကျောင်းသားများကလည်း ထုံးစံအတိုင်းကျောင်းတက်ခေါင်းလောင်း မထိုးမီ ကျောင်းရဲ့နေရာအသီးသီးမှာ သူ့အဖွဲ့နှင့်သူ စုဝေးနေကြသည်မှာ အထူးဆန်းမဟုတ်ပေ ထူးဆန်းတာက ကျောင်းဝန်းအတွင်းဝင်လာတဲ့ ကောင်မလေးတစ်ယောက်ပင် ထိုကောင်မလေးက ဆံပင်ကုတ်ဝဲကို ရွှေအိုရောင်ဆိုးထားပီး ခြောက်လက်မဒေါက်ဝတ်ထားလျက် ကျောင်းဝတ်စုံဖြစ်တဲ့ ရှပ်အင်္ကျီအဖြူရောင်နဲ့ စကပ်အနီကွက်ကိုလည်း စမတ်ကျစွာဝတ်ထားပီး မာဖလာအနီကိုပတ်ထားသည်က ရိုးရိုးလေးနှင့် Fashion ကျပီး ချစ်စရာအရုပ်မလေးသဖွယ်  ပိုပီးထူးဆန်းတာက မိန်းကလေးတွေနဲ့ အရောတဝင်မရှိတဲ့ ကျောင်းရဲ့ Fashion King Kris နဲ့ရင်းရင်းနှီးနှီးစကားပြောပီး အတူဝင်လာခြင်းပင် အားလုံးရဲ့အကြည့်တွေက သူတို့ဆီမှာပင်

''Kris''

''ပြော''

''Baek ကြောက်တယ် အားလုံးကကြည့်နေကြတယ်''

Baek တစ်ယောက် Kris နားကို တိုးတိုးလေး ကပ်ပြောလိုက်တယ်

''လှလို့ကြည့်တာပဲ ကြည့်ပလေ့စေပေါ့ ကိုယ့်ဘာကိုယ် ယုံကြည်မှုရှိရှိနဲ့ လျှောက်စမ်းပါ မင်းကို ငါ့စိတ်ကြိုက်ပုံသွင်းထားတာ ဒီလောက်တော့ကြည့်ခံရမှာပဲ သူတို့ကိုဂရုမစိုက်နဲ့ ရှေ့ကိုပဲကြည့်လျှောက် တော်ကြာဒေါက်မြင့်နဲ့ မှောက်လဲနေမယ်''

''Nae''

Baek တစ်ယောက် Kris နဲ့အတူ ကျောင်းလာရတာပါ Chanyeol က Soo ဆေးရုံတက်တာအကြောင်းပြပီး ခွင့်တစ်ပတ်ယူထားတာကြောင့် ပုံစံပြောင်းပေးဖို့တာဝန်ယူထားတဲ့ Kris က Baek နဲ့အနီးကပ်နေဖို့ အဆင်ပြေသွားတာပေါ့
ဒီနေ့လည်းBaek အိမ်ကိုအစောဆုံးသွားခေါ်ပီး Kris ရဲ့အသိ အလှပြင်ဆိုင်မှာ သူ့စိတ်တိုင်းကျ Baek ကိုပုံသွင်းခဲ့တယ်လေ အခုတော့ အားလုံးက မမှတ်မိနိုင်တော့လောက်အောင် အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ အရုပ်မလေး Baek ဖြစ်သွားခဲ့ပီပေါ့ 
Baek နဲ့ Kris နှစ်ယောက်လုံး Canteen ကိုလာခဲ့တယ် လမ်းတစ်လျှောက်လုံး တွေ့တဲ့လူတိုင်းကအထူးဆန်းကြည့်လျက်ပေါ့ Canteen ရောက်တော့ Sehun တစ်ယောက်ထဲထိုင်နေတာကိုတွေ့လိုက်တယ်

Our Friendship  [completed]Where stories live. Discover now