''Kai''
Baek တစ်ယောက် Kai တို့နားရောက်တော့ Baek က Kai ဘေးသွားရပ်ပီး Sehun ကတော့ Chanyeol ဘေးသွားရပ်လိုက်တယ်
''Kai Baek လေ မမှတ်မိဘူးလား''
Baek ပြောလိုက်မှ Kai လည်း Baek ကို မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့အံ့သြစွာကြည့်ရင်း
''Baek Baekki''
''ဟီးဟီး''
Baek တစ်ယောက်ကတော့ သူ့ရဲ့အမူကျင့်တိုင်း ရယ်ပြလိုက်တော့ ဘေးနားက Chanyeol တစ်ယောက် ဘာမဆိုင်ညာမဆိုင်နဲ့ သောက်နေတဲ့ဝိုင် သီးသွားတော့တယ်
''Baekhyun ဒီနေ့ည အရမ်းလှတယ် ငါနဲ့တွဲကမလား''
Kris က Baek ရှေ့ကိုလက်ကမ်းရင်း တွဲကဖို့ခေါ်တော့ Baek လည်း ဘာလုပ်ရမလဲမသိ
''Baek မကတတ်ဘူး Kris''
''ငါသင်ပေးမယ်လာ''
Kris တစ်ယောက် Baek ကိုဆွဲခေါ်သွားပီး သီချင်းအေးအေးလေးနဲ့နှစ်ယောက်အတူ တွဲကကြတယ် Baek ကလည်းKris ခြေထောက်ကို ခဏခဏ တက်နင်းမိ Cool Guy မျက်နှာကလည်း ခဏခဏရှုံ့မဲ့မဲ့ဖြစ် သူတို့ကိုကြည့်နေတဲ့ Chanyeol တို့သုံးယောက်ကလည်း Kris ရဲ့အဖြစ်ကိုကြည့်ရင်း ရယ်နေမိတယ်
''Chanyeol မင်း Baek ကို ဘယ်လိုမြင်လဲ''
Kris ကိုကြည့်ရင်းရယ်နေတဲ့ Chanyeol ကို Sehun တစ်ယောက်မေးလိုက်တော့
''ဘာကိုဘယ်လိုမြင်ရမှာလဲ''
''ဒီလိုဆိုတော့သူမလှဘူးလား''
Chanyeol တစ်ယောက် Baek ကို တစ်ချက်ကြည့်လိုက်ပြီး
''သာမန်ပါပဲ''
''ငါသူနဲ့တွဲမလို့''
Sehun ဆီက မထင်မှတ်ထားတဲ့ စကားကြားရတော့ Kai နဲ့ Chanyeol တို့ နှစ်ယောက်သားSehun ကို ပြိုင်တူကြည့်လိုက်ကြတယ်
''Baek က မင်းစတိုင်လ်မဟုတ်ဘူး Sehun ပြီးတော့မင်းအပျော်သက်သက်နဲ့တော့ Baek ကိုမတွဲသင့်ဘူးထင်တယ်''
Kai ကဝင်ပြောလိုက်တော့ Sehun လည်း
''ဘယ်လိုဖြစ်တာလဲ Kai ရဲ့ မင်းအရင်ဆို ငါဘယ်သူနဲ့တွဲတွဲမင်းစိတ်မဝင်စားပါဘူး Baek နဲ့ဆိုမှဘယ်လိုဖြစ်ရတာလဲ''
''မင်းဘယ်သူနဲ့တွဲတွဲငါစိတ်မဝင်စားဘူး Sehun Baek ကိုတော့အပျော်တွဲမယ်ဆို ငါတားရလိမ့်မယ် Baek က ငါ့သူငယ်ချင်းဖြစ်နေလို့ပဲ''
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား