ဒီနေ့ကျမှ မိုးတွေကလည်း သည်းထံစွာ ရွာသွန်းနေတယ် Baek လည်း ကျောင်းသွားဖို့ Kai လာအခေါ်ကို စောင့်နေလိုက်တယ် အိမ်ရှေ့မှာကားရောက်လာတော့ Baek လည်း မြန်မြန်အိမ်ထဲကထွက်လိုက်ပီး ကားပေါ်တက်မလို့အလုပ်မှာ ကားမောင်းလာသူက Kai မဟုတ်ပဲ Chanyeol ဖြစ်နေလေရဲ့ Baek လည်း ကားထဲမဝင်သေးပဲ မိုးရေထဲမှာ ရပ်နေမိတယ်
''ကားထဲဝင်လေ ဘာလုပ်နေတာလဲ မိုးရေတွေစိုကုန်ပီ Kai ကိုမျှော်မနေနဲ့ သူနေမကောင်းလို့လာခေါ်နိုင်မှာမဟုတ်ဘူး''
Baek လည်းမထူးတော့တဲ့အတူတူ ကားထဲဝင်ပြီးထိုင်လိုက်တယ် ကားထဲရောက်တော့လည်း ကားရဲ့မှန်ကနေ အပြင်ဘက်ကိုပဲ ကြည့်နေလိုက်တယ် Chanyeol နဲ့ မျက်နှာချင်းမဆိုင်ချင်လို့လေ မနေ့ကသူ့ကို နမ်းထားတဲ့အတွက်ကြောင့် မျက်နှာပူတာနဲ့ပဲ ဘာစကားမှမပြောပဲ နေနေလိုက်တယ် Chanyeol ကလည်း တိတ်ဆိတ်နေတဲ့ Baek ကို သူကအရင် စကားစလိုက်တယ်
''Baek ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား''
Chanyeol လည်းပြောလဲပြော လက်ကလဲ Baek ရဲ့နှဖူးပေါ်ကို ရောက်ပီးသား Baek ကတော့ Chanyeol လက်ကိုဖယ်ကာ
''ဘယ်လိုဖြစ်နေတာလဲ နေကောင်းတယ် စကားမပြောချင်လို့မပြောတာ''
''မသိပါဘူးကွာ ကိုယ်ကကိုယ့်ချစ်သူ နေများမကောင်းလို့လားလို့ တာဝန်အရ မေးကြည့်တာ''
''ဘာ''
Baek လည်းစိတ်တိုသွားပေမယ့် စကားကိုဆက်မပြောပဲနေလိုက်တယ် မဟုတ်ရင်မနေ့ကလိုအနမ်းခံရင်ခံရနိုင်တယ်လေ Park Chanyeol ဆိုတာ မထင်ရင်မထင်သလို လုပ်တတ်တဲ့လူမျိုးမှတ်လား
''ဘာလဲစိတ်ဆိုးသွားတာလား''
''Park Chanyeol shi ရှင်နဲ့ Baek က ဘာချစ်သူမှမဟုတ်ဘူးနော်''
''မင်းဘက်ကမဟုတ်လည်းငါ့ဘက်ကဟုတ်တယ် မင်းကခုချိန်ကစပြီးငါ့ချစ်သူ ဘာလဲ မင်းက သူများစုံတွဲတွေလို propose လုပ်ခံချင်သေးတာလား''
''ဘာ''
Baek စကားဆက်ပြောမလို့ပဲရှိသေး Chanyeol ရဲ့ဖုန်းဝင်လာတာကြောင့် Chanyeol တစ်ယောက် ဖုန်းကိုင်လိုက်တယ်
''အေး Kris ပြော လူစုံနေပီလား Ok ငါတို့လာနေပီကျောင်းရောက်တော့မယ်''
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား