Part - 20

3.1K 275 29
                                    

Baek တစ်ယောက် Kris ကားပေါ်စရောက်ထဲက ဘာစကားမှမပြောပဲ ကားအပြင်ဘက်ကိုသာ ငေးကြည့်နေမိတယ် Kris လည်း ငြိမ်နေတဲ့ Baek ကို သိပ်သဘောမကျတာကြောင့် စကားစလိုက်တယ်

''Baek''

Kris ခေါ်လိုက်မှ Baek လည်း လှည့်ကြည့်လာပြီး အပြုံးဖျော့ဖျော့လေးနဲ့ ပြုံးပြလိုက်လေရဲ့

''ကူညီပေးတာ Gomawo Kris''

''ရတယ် အဲ့ဒါမလိုဘူး ခုနကChanyeol နဲ့ ဘာဖြစ်ကြတာလဲ''

''Baek ဘာအမှားလုပ်မိလို့လဲ သူ Baek ကို ချုပ်ချယ်တယ် ပြီးတော့ စွပ်စွဲတယ် Baek က ဘယ်မှာများယောက်ျားလေးတွေနဲ့ လူအမြင်ကပ်လောက်အောင် အရောတဝင်နေနေလို့လဲ''

''အင်း''

''Baek ကိုသူတို့ဘာသာ လာကြိုက်ကြတာလေ Baek က သူတို့ ကြိုက်လာအောင်လုပ်နေလို့လား''

Baek လည်းပြောရင်းပြောရင်းနဲ့ ဝမ်းနည်းလာပီးမျက်ရည်ပါတွဲခိုလာတယ်

''ဒါတွေအားလုံးရဲ့အမှားကငါပဲ''

''Nae!''

Kris ဘာကိုဆိုလိုလည်းဆိုတာ Baek လည်း သဘောမပေါက်တာကြောင့် Kris ကို ကြောင်အစွာကြည့်နေမိတယ် Kris ကတော့ ကားမောင်းရင်းနဲ့ စကားကိုပြန်ဆက်လိုက်တယ်

''ဟုတ်တယ် Baek ကို အစထဲက ဒီလိုမပြင်ပေးခဲ့သင့်ဘူး''

''ဘာဖြစ်လို့လဲ Kris မမှားပါဘူး Baek ကိုကသူများတွေလိုလှချင်မိတာလေ''

''မှားတာပေါ့ Baek အခုလိုလှလာတော့ ယောက်ျားလေးတွေကလိုက်ရော အဲ့လိုလိုက်တာကို ငါလည်းမကြိုက်ဘူး Baek မင်းကိုယောက်ျားလေးတွေ ကြည့်တာလေးကအစ ငါမကြိုက်ဘူး''

''Nae! Kris ကဘာလို့''

Kris စကားကြောင့် Baek လုံးဝကို အံ့အားသင့်သွားတယ် Kris ကတော့ Baek ကိုမကြည့်ပဲအရှေ့ကိုသာအာရုံစိုက်နေတယ် ဘာလိုလိုနဲ့ Baek တို့အိမ်လမ်းကို ကွေ့ဝင်လာခဲ့ပီလေ

''ငါနောက်များကျသွားမလားလို့ စိုးရိမ်နေမိတယ် မင်းကိုမပြင်ပေးခင်ထဲက ဖွင့်ပြောသင့်တာ မဟုတ်ဘူး မင်းကိုပြင်ကိုမပြင်ပေးသင့်ဘူး အဲ့ဒါမှ ငါ့အတွက်အခွင့်ရေးရှိမှာလေ''

Our Friendship  [completed]Where stories live. Discover now