KTV ဆိုင်တစ်ခုရဲ့ အခန်းတစ်ခန်းမှာ ထိုင်နေကြတဲ့ကောင်လေး 4 ယောက်နဲ့ ကောင်မလေး 3 ယောက်
''Chanyeol မင်းသောက်တာ များနေပီ တော်သင့်ပီ''
Sehun တစ်ယောက် Chanyeol ကို တားနေပေမယ့် Chanyeol က ဘာစကားမှပြန်မပြောပဲ ဆက်သောက်နေတာကြောင့် Kai လည်း မတားရန် Sehunကိုအရိပ်ခြေပြလိုက်တယ်
''Oppa သောက်တာတော်ပါတော့ များနေပီလေ အိမ်ပြန်ရအုံးမှာကို''
''ငါ့ကိုလာမထိနဲ့ ငါ့စိတ်ကြိုက်သောက်မယ် ငါ့ကိုဘယ်သူမှတားပိုင်ခွင့်မရှိဘူး''
''ဒါပေမယ့် Hanna က Oppa ရဲ့ သတို့သမီးလောင်းလေ''
''ဒီနေ့မှစေ့စပ်တယ် မင်းကငါ့ကို ချုပ်ချယ်ဖို့လုပ်နေတာလား ahak ငါ့နဲ့ဘယ်လိုပဲပတ်သတ်ပါစေ ငါ့စိတ်နဲ့ငါပဲ ဘယ်သူ့စကားမှနားထောင်မှာမဟုတ်ဘူး''
''Oppa အရမ်းမူးနေပီထင်တယ်''
Chanyeol အော်လိုက်မှ Hanna လည်း ဘာမှဆက်မပြောတော့ပဲ ဒီတိုင်းကြည့်နေလေရဲ့
''Yeol နင်မူးနေပီနော် မိုးလည်းချုပ်နေပီ တော်လိုက်တော့ဟာ နင်ဒီလောက်ထိသောက်နေတာ မကောင်းဘူးနော်''
''Sooနင်ပြန်ချင်လည်း Kai ကိုလိုက်ပို့ခိုင်းပီး ပြန်လိုက် ငါ့ကိုနားငြီးအောင်လာမလုပ်နဲ့ ငါ့ဘာငါသောက်ချင်လို့သောက်တာ''
''ဟင်းးးနင်ကတော့လေ''
''Soo လွှတ်ထားလိုက်ပါ Chanyeol မင်းလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းပီးသောက်''
Kris လည်း တားမရမှန်းသိပေမယ့် အခြေနေအရဝင်တားလိုက်တယ် Chanyeol သောက်ထားတာလည်းကြည့်လေ စားပွဲပေါ်မှာ ပုလင်းတွေများနေပီဆိုတော့
''KTV လာပီးသီချင်းသံတွေတိတ်နေတယ် သီချင်းဆိုကြလေ Baekhyun မင်းသီချင်းဆိုတတ်တယ်မှတ်လား ငါတို့ကိုဂုဏ်ပြုတဲ့အနေနဲ့တစ်ပုဒ်ဆိုပေး''
Chanyeol ပြောလိုက်တော့ တချိန်လုံးငြိမ်နေတဲ့ Baek လည်း Chanyeol အခြေနေကိုဆက်မကြည့်နိုင်တော့တာကြောင့်
''ဆိုပေးဆို ဆိုပေးပါ့မယ် Chanyeol ဒါပေမယ့် ဆက်မသောက်နဲ့တော့ အဲ့တစ်ခုတော့ လိုက်လျောပေး''
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား