Part - 31 (Final)

5.3K 402 53
                                    

ဒီနေ့လေးကနွေးဦးအစဆိုတော့ သဘာဝပတ်ဝန်းကျင်ကပိုပီးလှပနေလေရဲ့ ရွက်ဟောင်းလေးတွေစကြွေနေပီး ကြည့်ရတဲ့လူအဖို့ပန်းချီကားတစ်ချပ်သဖွယ် ပန်းခြံအတွင်းမှာလည်း ကိုယ့်မိသားစုနဲ့ကိုယ် ဟိုတစ်စု ဒီတစ်စုနဲ့ အေးချမ်းနေတာပေါ့ ကလေးတွေကလည်းအချင်းချင်းဆော့ကစားနေတယ်လေ ကောင်မလေးတစ်ယေက်ကတော့ ဝှီးချဲလေးပေါ်ထိုင်ရင်းသဘာဝရဲ့အလှကို ခံစားကြည့်ရှုနေလေရဲ့ သူမနာမည်ကတော့ Byun Baekhyun

''Ya Ya မင်းတို့ပဲ အဲ့ကောင်မလေးနဲ့သွားကစား ငါတော့သူနဲ့အတူမဆော့နိုင်ဘူး ပုံစံကိုကတောသူမကျနေတာပဲ ငါရှိုးပဲ့တယ်''

Baek တစ်ယောက်အေးချမ်းမှုရဲ့အရသာကို ခံစားနေတုန်းမှာပဲ အသံတစ်သံကြောင့် လှည့်ကြည့်လိုက်တော့ ၅နှစ်အရွယ် ကောင်လေးလေးယောက် ပုံစံကရှိုးအပြည့်နဲ့ပေါ့ သူတို့လေးတွေဘေးမှာတော့ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ကလေးမလေးတစ်ယောက်လည်းရှိတယ် Baek လည်းသူတို့ကိုဆက်ကြည့်နေတာပေါ့လေ

''ငါတို့လည်းမဆော့နိုင်ဘူး သူ့ပုံစံကိုကပေတူးနေတာပဲ ငါကချစ်စရာကောင်းတဲ့ကောင်မလေးတွေနဲ့ပဲ ဆော့ချင်တာ''

''ငါတို့လည်းတူတူပဲမဆော့နိုင်''

''Ya နင်တို့တွေငါ့ကိုရုပ်ဆိုးတယ်ပြောတာပေါ့ ငါ့Omma နဲ့တိုင်ပစ်မယ်''

''တိုင် တိုင်ပေါ့ ငါတို့ကအမှန်ပြောတာပဲ မကြောက်ဘူး နင်ကရုပ်ဆိုးတဲ့တောသူမ''

''အီးးဟီးးးဟီးးးOmma ရေ မီးမီးကို ရုပ်ဆိုးတဲ့တောသူမတဲ့ အီးးဟီးးးဟီးးး''

ကလေးမလေးငိုနေတုန်းမှာပဲ သူတို့လေးတွေရဲ့အမေတွေကလာခေါ်သွားကြတယ်

Baek'pov : သူတို့လေးတွေကြည့်ရတာ ဟိုးအထက်တန်းကျောင်းသားဘဝက ကောင်လေးလေးယောက်နဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုသတိရစေတယ် အချိန်တွေကြာသွားခဲ့ပီနော် 8 နှစ် 8 နှစ်ဆိုတဲ့ ကာလအတွင်းမှာ အရာရာဟာပြောင်းလဲသွားခဲ့ပီ Chanyeol သူရောဘယ်ဘဝရောက်နေမလဲ အရာအားလုံးပြောင်းလဲသွားပေမယ့် Chanyeol ကိုချစ်တဲ့ Baek အချစ်တွေကတော့ အရင်တိုင်းပါပဲလေ Chanyeol ရေထဲကျပီးတော့ အလောင်းရှာမတွေ့လို့ သေလူစာရင်းထည့်လိုက်ပေမယ့် Baek နှလုံးသားထဲမှာတော့ Chanyeol ဆိုတဲ့ သူကအမြဲရှင်သန်နေတာပါ Baek ရဲ့ နှလုံးသားလေးလဲ Chanyeol နဲ့အတူပါသွားခဲ့ပီ

Our Friendship  [completed]Where stories live. Discover now