Part - 2

3K 281 7
                                    

Kai တစ်ယောက် Byun စံအိမ်တော်ကြီးရှေ့မှာ ကားရပ်လိုက်တုန်း စံအိမ်တော်ကြီးထဲမှ ကောင်မလေးတစ်ယောက် ပြာပြာယာယာနှင့်ထွက်လာတယ် ကောင်မလေးကြည့်ရတာလည်း အပြင်တတ်မဆင်တတ်ပုံ ပြင်လာတာကလည်း တောသူမစတိုင် တစိမ်းနဲ့တွေ့ရင်အမြဲလိုလို ခပ်တည်တည်နေတဲ့ Kai တောင် ကားထဲကနေ ကောင်မလေးကိုတွေ့ပီး ရယ်မိသွားတယ် Kai ရဲ့မိုးပြာရောင် ပြိုင်ကားနားရာက်တော့ ကောင်မလေးလည်း ပြေးလာတာကိုအရှိန်သပ်လိုက်ပီး ဘာလုပ်ရမလဲရပ်ပြီးစဉ်းစားနေပုံပင် Kai လည်းစိတ်မရှည်တာနဲ့ ကားထဲကထွက်လိုက်ပြီး

''ဘာလုပ်နေတာလဲ ကားထဲဝင်လေ ကားတံခါးမဖွင့်တတ်လို့လား''

ကောင်မလေးလည်း Kai ကို ကြောက်ကြောက်နှင့်ပင်

''Arnyi''

ကောင်မလေးလည်းကားထဲဝင်လိုက်ရော Kai လည်းကားထဲပြန်ဝင်ပြီးကားစမောင်းလိုက်တယ် ကားမောင်းနေရင်း ကောင်မလေးကို တစ်ချက်တစ်ချက်ကြည့်မိရင်း ရယ်ချင်တာကို ထိန်းနေရတယ် ကောင်မလေးလည်း မလုံမလဲဖြစ်လာကာ Kai ကို စကားစပြောလာတယ်

''Annyeong Baekhyun ပါ ဒီကတစ်ယောက်က''

Kai လည်း Baehyun ကို မကြည့်ပဲ

''Baekhyun အင်းဟိုနေ့ကနှုတ်ဆက်ထဲက သိပြီးပြီလေ ငါ့နာမည်ကိုမေ့နေတာလား''

''Mianhae Baek က မေ့တတ်လို့ပါ ဟိုနေ့ကနှုတ်ဆက်တုန်းက လေးယောက်ဆိုတော့ ဘယ်သူတွေဆိုတာ သိပ်မမှတ်မိလို့ပါ''

Kai လည်းစိတ်မရှည်တဲ့လေသံနဲ့

'' ငါ့နာမည် Kim Jongin သူငယ်ချင်းတွေက Kai လို့ပဲ ခေါ်တယ် အခုထဲကအသေမှတ်ထားလိုက် ငါလူတွေကို နှစ်ခါရှင်းပြရတာ ဝါသနာမပါဘူး''

Baek လည်း Kai ကိုကြောင်ကြည့်နေမိတယ်
Kai လည်း Baek ကြည့်နေတာကိုသိတော့

''ဘာလဲ ငါပြောတာ နားမလည်လို့လား''

Kai တစ်ယောက် ကားမောင်းရင်းနဲ့ Baek ကို စိုက်ကြည့်လိုက်တော့ Baek လည်း မျက်နှာလွှဲသွားပီး

''Arnyi Kai shi နာမည်ကိုအသေမှတ်ထားလိုက်ပါ့မယ်''

Kai တို့မောင်းလာတဲ့ကားလေး ကျောင်းနားလည်းရောက်ရော

Our Friendship  [completed]Donde viven las historias. Descúbrelo ahora