Part - 21

3.4K 282 36
                                    

တစ်ပတ်ဆိုတဲ့အချိန်ဟာ ပုံမှန်အတိုင်းပဲ လည်ပတ်ခဲ့တယ် ဒီနေ့လေးဟာ သူတို့တွေရဲ့ Trip ထွက်မယ့်နေ့လေးပေါ့ အထက်တန်း နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူအားလုံး ကျောင်းမှာစုဝေးနေကြတယ် တချို့ကတော့ ကားပေါ်တက်နှင့်နေပီလေ Baek နဲ့ Chen လည်းကားပေါ်တက်ပီးအတူထိုင်ကြတယ် Soo ကတော့ Baek တို့ရဲ့ရှေ့ခုံမှာထိုင်တာပေါ့ ရုတ်တရက် Kai ရောက်လာပီး Soo ဘေးမှာလာထိုင်တယ် ပြီးတော့သူ့ဘာသာ နားကျပ်တပ်ပြီးသီချင်းနားထောင်နေပုံပဲ ဘေးကSooကိုတောင်ဂရုမစိုက် Soo လည်းအံ့သြနေပုံပါပဲ

''Baek Kai ကဘာလို့ငါတို့ကားပေါ် လာထိုင်တာလဲ သူက A ခန်းဆိုတော့ ရှေ့ကကားပေါ်တက်ရမှာမဟုတ်ဘူးလား''

Chen ပြောမှ Baek လည်း စဉ်းစားမိပီး Kai ကို လှမ်းမေးမယ်ကြံတုန်း Sehun Kris နဲ့ Chanyeol တို့ပါ ရောက်လာခဲ့တယ် Kris နဲ့ Sehun နှစ်ယောက်က Soo တို့ခုံရဲ့ တစ်ဖက်ခြမ်းမှာထိုင်ပီး Chanyeol ကတော့ Baek တို့ခုံရဲ့တဖက်ခြမ်းမှာထိုင်လိုက်တယ်

''Puppy ဒီဘက်လာခဲ့ပါလား''

Chanyeol ခေါ်လိုက်တော့ Baek လည်း Chen မျက်နှာကိုကြည့်ရင်း အားနာနေမိတာနဲ့

''Baek ဒီဘက်မှာပဲ ထိုင်လိုက်ပါ့မယ် Chen နဲ့အတူတူ''

''ဒါဆိုကိုယ်တစ်ယောက်ထဲထိုင်ရမှာလား''

Soo က ကားပြတင်းပေါက်ဘက်မှာ ထိုင်တာဆိုတော့ Chenyeol နဲ့ စကားပြောဖို့ဆိုရင် Chen ကို ကျော်ပြီးပြောရတယ်လေ Chen လည်း သူတို့နှစ်ယောက်ကြားမှာအနေခက်လာတာကြောင့်

''Baek ဟိုဘက်သွားထိုင်ချင်ထိုင်လေ ငါ့ကိုအားမနာနဲ့ ငါကရတယ်''

''ဘယ်ဟုတ်ပါ့မလဲ နင်ကငါ့သူငယ်ချင်း ငါ့အတွက်အရေးပါတဲ့လူပဲ နင့်ကို တစ်ယောက်ထဲမထားခဲ့ချင်ပါဘူး''

သူတို့နှစ်ယောက် တိုးတိုးပြောနေတာနဲ့ Chanyeol လည်း သူတို့ကို မျက်မှောင်ကြုပ် ပြီးကြည့်နေလေရဲ့

''အော်ဒါနဲ့ Chen Chen မင်းက ဒီဘက်ကားမှာထိုင်ရမှာမဟုတ်ဘူး ရှေ့ကားကိုရွှေ့ရမှာ''

''ရှေ့ကားကို တစ်ယောက်ထဲလား''

Chen တစ်ယောက် Chanyeol ကို အံ့သြစွာနဲ့ပြန်မေးမိတယ် Chanyeol လည်း Chen ကို ပြုံးပီး ခေါင်းညိမ့်ပြလိုက်တယ်

Our Friendship  [completed]Where stories live. Discover now