Part - 28

2.7K 244 24
                                    

အခမ်းနားတစ်ခု တစ်နည်းအားဖြင့် စေ့စပ်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့အတူ လူကြီးလူကောင်းတွေ စုံစုံညီညီတက်ရောက်နေကြတယ် Byun အိမ်တော်ကြီးမှာပေါ့

''မမလေး Baek အဆင်ပြေရဲ့လား''

ပွဲနဲ့မလှမ်းမကမ်း ခြံထဲဝင်တဲ့ လမ်းရဲ့ ဘေးမှာရှိတဲ့ အပင်ကြီးအောက်က တန်းလျားခုံမှာထိုင်ရင်းလူတွေကိုတွေတွေလေးငေးကြည့်နေတဲ့ Baek နားကို lulu တစ်ယောက်ရောက်လာပီး မေးလိုက်မှ Baek လည်း ဟန်ဆောင်ပြုံးပြလိုက်တယ်

''အဆင်ပြေပါတယ် lulu''

''မမလေး လိမ်နေတယ်ဆိုတာ lulu သိပါတယ် Chanyeol Oppa ကို မမလေး ဘယ်လောက်ချစ်လည်းဆိုတာ lulu တို့အသိပဲ lulu လေ မမလေးကိုကူညီချင်ပေမယ့် မကူညီနိုင်သေးတာ စိတ်မကောင်းဘူး''

မျက်ရည်လေးဆန်းတန်းတန်းနဲ့ ပြောနေတဲ့ lulu ကို Baek လည်းခေါင်းလေးပုတ်လိုက်ပီး

''Baek အဆင်ပြေအောင် ကြိုးစားနေပါတယ် lulu လည်းစိတ်မကောင်းမဖြစ်နဲ့တော့နော် ကံကြမ္မာက ဘယ်လိုဖြစ်မယ်ဆိုတာ သတ်မှတ်ထားပီးသားလေ ဘယ်သူမှလွန်ဆန်လို့မှမရတာ ကဲ lulu လည်း အဖိုးနားကိုသွားပီးစောင့်ရှောက်လိုက်နော်''

''Nae မမလေးဒီနားမှာပဲနေတော့မှာလား အဖိုးက မမလေးကိုရှာနေလိမ့်မယ်''

''ခဏနေလာခဲ့မယ်လေ အဖိုးမေးရင် ကြည့်ပြောထားပေးနော်''

''Nae''

lulu ထွက်သွားမှ Baek လည်း ကျတော့မယ့်မျက်ရည်ကို အလျင်မြန်သုပ်လိုက်ပြီး အပြုံးတုကို ပန်ဆင်လိုက်တယ်

Baek'pov : Chanyeol အဆင်ပြေမှာပါနော် Baek ကို စိတ်နာလိုက်ပါ Baek မှာ ရွေးချယ်စရာ ဒီနည်းပဲရှိလို့ပါ

''Baekki''

ခေါ်သံကြားလို့ကြည့်လိုက်တော့ Kai တို့ အုပ်စုရောက်လာကြတယ်

''Kai အကုန်လုံးပါလာတာကိုး''

''ဘယ်လိုဖြစ်ရတာလဲ Baek ရယ် ငါတို့ ဒီနေ့မှဖိတ်စာရတယ် သိသိချင်းလိုက်လာတာပဲ ကျောင်းပိတ်သွားတဲ့ရက်အတွင်း ဒီလောက်ထိ ပြောင်းလဲသွားတာလား''

Soo က တအံ့တသြမေးလိုက်တယ် ကျန်တဲ့လူတွေကလည်း Baek ဆီကအဖြေကိုသိချင်ကြတာပေါ့

Our Friendship  [completed]Where stories live. Discover now