'' Do Soo ''
Sehun နဲ့ Kris တို့နှစ်ယောက်လုံး Soo နာမည်ကိုပြိုင်တူခေါ်လိုက်ကြတယ်
''ဟုတ်တယ်လေ နင်တို့သူငယ်ချင်းအရင်းကြီးလေ မမှတ်မိတော့ဘူးလား''
Soo လည်းပြောပြောဆိုဆို Sehun နဲ့ Kris နှစ်ယောက်လုံးရဲ့လက်မောင်းတစ်ဖက်စီကို ချိတ်လိုက်ပြီးပြောလိုက်တယ်
Kris က Soo ကိုကြည့်ရင်း
''ဒါ wuri Soo အစစ်ပဲ''
Sehun ကတော့ ဘာစကားမှမပြောပဲ Soo ကိုပဲသေချာကြည့်နေတယ်
''ဟေ့အငယ်လေး ကိုယ့်အမတစ်ယောက်လုံး လာတာတောင်မနှုတ်ဆက်ဘူးလား ဘာကြည့်နေတာလဲ''
''Soo အစစ်ဟုတ်မဟုတ် ကြည့်နေတာပေါ့''
Soo က Kris ကိုတော့ ကလေးလိုဆိုးပြီး Sehun ထက် တစ်လကြီးတာမို့ သူ့ကိုယ်သူအမြဲတမ်းအမကြီးလိုမျိုး ဆက်ဆံတယ် Sehun ကလည်း Soo ဆိုရင် ဆိုးချင်တယ် သူတို့က ငယ်ငယ်လေးထဲကသိခဲ့တာလေ
''ဒီကောင်လေးတော့ ငါခေါင်းခေါက်လိုက်ရလို့''
''Soo ကလည်းငါ့ကိုတွေ့ရင် အမြဲအနိုင်ကျင့်ချင်နေတာပဲ''
Sehun တစ်ယောက် နှုတ်ခမ်းဆူဆူနဲ့ပြောတော့ Soo လည်းရယ်မိသွားတယ် ရယ်လိုက်ရင်အရမ်းလှတယ် Soo ကိုတော့ Baek တစ်ယောက် မျက်လုံးကျွတ်ထွက်မတက် ကြည့်နေမိတယ် ဒီလိုလူဆိုး Sehun က Soo နဲ့ကျတော့ကလေးအတိုင်းဖြစ်နေလို့လေ ပြီးတော့ သူတို့အဖွဲ့နဲ့ ဒီလောက်ရင်းနှီးတဲ့ မိန်းကလေးကို အခုမှတွေ့ဖူးတာလေ Soo လည်း Chanyeol နဲ့ Kai ကြားမှာရပ်နေတဲ့ Baek ကိုသတိထားမိသွားတယ် Chanyeol ကိုကြည့်လိုက်တော့ သူ့ကိုအံ့သြမှုများစွာနဲ့ ကြည့်နေတယ် Kai လည်းထိုနည်းတူပင်
''Yeol နေကောင်းလား Kai နင်ရော နေကောင်းလား''
''အင်း''
Chanyeol နဲ့ Kai နှစ်ယောက်လုံး ပြိုင်တူဖြေလိုက်တယ်
''ဒါနဲ့ ဒီတစ်ယောက်က Annyeong Do Soo mita သူတို့ခေါ်သလို Soo လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ''
Soo ကအရင် Baek ကို နှုတ်ဆက်လိုက်တော့ Baek လည်းပြန်နှုတ်ဆက်လိုက်တယ်
''Annyeong Byun Baekhyun ပါ Baek ကိုလည်း Baek လို့ပဲ ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်''
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား