Chanyeol တစ်ယောက် အိမ်မပြန်တာ တစ်ပတ်ရှိခဲ့ပီ Kris အိမ်မှာပဲနေပီး ကျောင်းတက်တယ်လေ ပထမတော့ Baek လည်း Chanyeol ကို အိမ်ပြန်ဖို့ပြောခဲ့ပေမယ့် ဘာဖြစ်လို့အိမ်ပေါ်ကဆင်းလာမှန်း မသိတာကြောင့် မိသားစုပြသနာပဲထင်ခဲ့ပီး ဒီအကြောင်းကိုဆက်မပြောဖြစ်ခဲ့ ဒီနေ့လည်းကျောင်းပိတ်ရက်ပေမယ့် Chanyeol နဲ့ချိန်းထားတာကြောင့် အိမ်နားကပန်းခြံမှာပဲ Chanyeol လာအခေါ်ကိုစောင့်နေလေရဲ့
''ဒီက Byun Baekhyun နော်''
Baek အရှေ့ကိုပေါ်လာတဲ့ ဒေါက်ဖိနပ်မြင့်မြင့်စီးထားတဲ့ခြေထောက်တစ်စုံရယ် အသံရယ်ကြောင့် Baek လည်းထိုင်နေရာမှမော့ကြည့်လိုက်တော့ Smart ကျကျဝတ်ထားတဲ့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်
''အန်တီက Chanyeol ရဲ့ Omma ပါ''
''Arr Nae အန်တီ နေကောင်းပါတယ်နော်''
''ရှင်းရှင်းပြောရရင် နေမကောင်းဘူး အဲ့ဒါတွေရဲ့တရားခံကမင်းပဲ''
''Nae! အန်တီပြောတာကို Baek နားမလည်ဘူး Baek အန်တီကို အခုမှ တွေ့ဖူးတာပါ အဖိုးမိတ်ဆက်ပေးတုန်းက တစ်ခါတွေ့ဖူးပေမယ့် အခုမှဒုတိယအကြိမ်ဆုံဖြစ်တာပါ''
''ဟုတ်တယ် အန်တီနဲ့မင်းက ဒုတိယအကြိမ်ဆုံပေမယ့် အန်တီသားက မင်းကြောင့်အိမ်ပေါ်ကဆင်းသွားခဲ့တယ်''
''Nae! Baek ကြောင့်''
''အန်တီမင်းကိုရှင်းရှင်းပဲပြောမယ် Chanyeol နဲ့လမ်းခွဲပေးပါ အန်တီမင်းကို ချွေးမအဖြစ် လက်မခံနိုင်ဘူး အန်တီ ချွေးမက Byun အိမ်တော်ရဲ့မြေးအရင်းပဲဖြစ်ရမယ် Byun Hanna တစ်ယောက်ပဲဖြစ်ရမယ်''
''ဒါပေမယ့် Chanyeol ချစ်တာ Baek ကိုလေ''
''Chanyeol က မင်းကိုပဲချစ်တယ်ဆိုရင်တောင် သူလက်ထပ်ရမယ့်မိန်းကလေးက Hanna ပဲ ဖြစ်ရမယ် အန်တီမှာပြောစရာကုန်ပီ မင်းလမ်းခွဲဖို့သာပြင်ထားပါ မင်းကိုဒီလိုသူဌေးဘဝရောက်အောင် မွေးစားခဲ့တဲ့မင်းရဲ့ကျေးဇူးရှင် Byun သူဌေးကြီးရဲ့မျက်နှာကို ထောက်ထားခဲ့မယ်ဆိုရင်ပေါ့''
ဒီလိုနဲ့ Mrs.Park တစ်ယောက် Baek ရှေ့ကနေထွက်သွားလေရဲ့ ကျန်ခဲ့တဲ့ Baek မှာလည်း သူ့ဘဝကိုသူဝမ်းနည်းလို့ ငိုနေလေရဲ့
YOU ARE READING
Our Friendship [completed]
Fanfictionရိုးသားတဲ့ကျေးလက်တောသူမလေး Byun Baekyeon သူဌေးကြီးရဲ့မွေးစားခြင်းခံရလို့ နေ့ချင်းညချင်း သူဌေးမလေးဘဝရောက်ပီး သူဌေးသားလောင်းကျော်လေးယောက်နှင့် ဘယ်လိုတွေဇာတ်လမ်းတွေဖြစ်မလဲ သူငယ်ချင်းလား ချစ်သူလား