Part - 27

2.7K 244 38
                                    

အချိန်တွေကုန်တာမြန်သလို ကျောင်းသားကျောင်းသူတွေတွေလည်း စာမေးပွဲနောက်ဆုံးရက်ကိုရောက်ခဲ့ပီပေါ့ အားလုံးကစာမေးပွဲပြီးလို့ ပျော်ရွှင်နေကြပေမယ့် Baek တစ်ယောက်ကတော့ အတွေးပေါင်းများစွာနဲ့ မပျော်နိုင်ပါ ....

''Baek စာမေးပွဲဖြေနိုင်လား''

''အော် Soo Baek ကဖြေနိုင်ပါတယ် Soo ရောဖြေနိုင်လား''

''အင်း Soo က ဆရာဝန်ဖြစ်ချင်တာဆိုတော့ ကြိုးစားထားတယ်လေ အခုဖြေထားတာလဲ အားရပါတယ်''

''Soo က ဆရာဝန်ဖြစ်မှာပါ Sooသာ အဖြူရောင်ကုတ်လေးဝတ်လိုက်ရင် အရမ်းကိုကြည့်ကောင်းမှာပဲ''

''ခ်ခ် Baek ကလည်း မြှောက်နေပြန်ပါပီ ဒါနဲ့ Chen ရောစာမေးပွဲခန်းထဲက Baek ထက်အရင်ထွက်သွားတာမှတ်လား အခုဘယ်ရောက်သွားတာလဲ''

''သူ့ချစ်ချစ် Suho အခန်းရှေ့ကိုသွားတယ် စိတ်ပူနေတာလေ Suho မဖြေနိုင်မှာစိုးလို့''

''အမလေး မိ Chen တို့များ ကိုယ့်ကိုယ်ကို စိတ်မပူပဲ တစ်ကျောင်းလုံးမှာ နံပါတ်တစ်ကို စိတ်ပူနေတယ် ကဲကိုကဲတယ်''

''ခ်ခ် ချစ်လို့နေမှာပေါ့ Soo ရဲ့''

Soo နဲ့တွေ့တဲ့အချိန်ခဏတော့ Baek လည်း သူ့အတွေးတွေကိုခဏမေ့ထားပီး Soo နဲ့အတူ အတူရယ်မောလိုက်တယ် ခဏကြာတော့ Chanyeol တို့လေးယောက်ရောက်လာကြတယ်

''ဖြေနိုင်ကြလား''

ရှေ့ဆုံးကရောက်လာတဲ့ Kris က အရင် မေးလိုက်တယ်

''အင်း Soo တို့နှစ်ယောက်လုံးဖြေနိုင်တယ် နင်တို့ရောဖြေနိုင်ကြလား''

''ငါတို့ကဒီလိုပါပဲ ဆရာဝန်ဖြစ်ချင်တဲ့ Kai ကတော့ အဖြေနိုင်ဆုံးပေါ့''

Kris တစ်ယောက် Kai ကိုမေးငေါ့ပြပီး Soo မေးတာကိုပြန်ဖြေလိုက်တယ်

''ဒါဆို Soo နဲ့ Kai က ဝါသနာတူတာပေါ့ နှစ်ယောက်လုံးက ဆရာဝန်ဖြစ်ချင်ကြတာဆိုတော့''

Baek ရဲ့စကားကြောင့် Kai နဲ့ Soo တစ်ယောက်နဲ့တစ်ယောက် မသိမသာ လှမ်းကြည့်မိကြတယ် Soo က ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် Kai ကတော့ Soo နဲ့အတူ အလုပ်တွဲလုပ်ချင်တာကြောင့် ဆရာဝန်ဖြစ်အောင် စာကြိုးစားခဲ့တယ်

Our Friendship  [completed]Where stories live. Discover now