Part - 18

2.9K 262 26
                                    

Baek တစ်ယောက် တစ်ပတ်အတွင်းမှာ တော်တော်ပြောင်းလဲသွားခဲ့တယ် Kris နဲ့ Sehun ကို အရင်ကထက် ပိုပြီးခင်တွယ်လာခဲ့တယ် ကျောင်းကကောင်လေးတော်တော်များများကလည်း Baek ကို စိတ်ဝင်စားမှုပိုလာခဲ့တယ် ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာ Baek ကို တင်စားခေါ်ဝေါ်တဲ့ နာမည်လေးရှိတယ် ''အရုပ်မလေး Baek'' တဲ့လေ ...

''မနေ့ကမင်း Kai ဆီသွားတယ်မှတ်လား Soo အခြေနေရော ဘယ်လိုတဲ့လဲ''

ကျောင်း Canteen မှာ မနက်စောစော အတူဆုံပြီး မုန့်စားနေတဲ့ Kris တစ်ယောက် Sehun ကို မေးလိုက်တယ် Sehun လည်း သူကိုင်ထားတဲ့ Bubble Tea ကို တစ်ငုံသောက်လိုက်ပီး

''အင်း သူဒီနေ့ကျောင်းလာမှာလို့တော့ Kai ပြောတာပဲ ငါဟိုနေ့က ဆေးရုံသွားတော့ Soo နည်းနည်းသက်သာနေပီ ဒါနဲ့မင်းတစ်ခါမှလည်း လူနာမေးမသွားဘူးနော် Kris''

''ငါကိုယ့်သူငယ်ချင်းတစ်ယောက် ကုတင်ပေါ်မှာလဲနေတာကို မမြင်ရက်လို့ ဒီရောက်မှပဲ ပေါင်းမေးလိုက်တော့မယ်''

Kris စကားကို Baek လည်း ခေါင်းညိမ့်လက်ခံပြီး အကြည့်က ဘာစကားမှ ဝင်မပြောပဲ ငြိမ်နေတဲ့ Baek ဆီရောက်သွားတယ်

''Baek ဘာဖြစ်နေတာလဲ ငြိမ်နေပါ့လား''

''ဟုတ်သားပဲ ဒီနေ့ဘယ်လိုဖြစ်နေတာလဲ Baek မနက်ကလာကြိုထဲက ငြိမ်နေတယ်''

Sehun ပြောလိုက်မှ Kris လည်း သတိထားမိပြီး Baek ကိုမေးလိုက်တယ်

''မဟုတ်ပါဘူး Baek နေမကောင်းချင်သလို ဖြစ်နေလို့ပါ''

''နေမကောင်းဘူးဟုတ်လား စမ်းကြည့်ရအောင်''

Kris တစ်ယောက် Baek နှဖူးပေါ်သူ့လက်တင်ပြီး စမ်းကြည့်လိုက်တယ်
Sehun ကလည်း အားကျမခံ သူလည်း စမ်းကြည့်မယ်ဆိုပြီး Baek လက်ကိုယူပြီး သူသိသလောက်မှတ်သလောက် သွေးခုန်နှုန်းစမ်းလိုက်တယ် Baek ပုံစံကတော့ ပြူးကြောင်ကြောင်နဲ့ နှစ်ယောက်လုံး စမ်းသပ်တာကိုခံနေရတယ်

''ဒါကဘယ်လိုဖြစ်နေကြတာလဲ မင်းတို့စည်းကမ်းဖောက်နေပီလား ငါတို့စားပွဲကို သူစိမ်းမိန်းကလေးမခေါ်ရဘူးဆိုတာ မေ့နေတာလား''

အသံလာရာကိုကြည့်လိုက်တော့ Chanyeol တစ်ယောက် လက်နှစ်ဖက်ပိုက်ပီး ဆရာကြီးဂိုက်ဖမ်းကာ သူတို့အဖြစ်ပျက်ကိုကြည့်ပြီးပြောနေတယ် Chanyeol ဘေးမှာတော့ Kai နဲ့ Soo အတူပါလာကြတယ်
Sehun ကတော့ Sooကိုတွေ့တော့ ချက်ခြင်း Soo ဘေးနားကိုရောက်သွားပြီး

Our Friendship  [completed]Where stories live. Discover now