Ch-1

5.2K 229 7
                                    

Unicode

(zawgyi below)

Jaehyun 's POV

"တက္ကသိုလ်ဝင်တန်းအောင်သွားတာနဲ့နင့်ကိုယ်နင်လူဖြစ်ပြီလို့ထင်နေလား???"

ဒါဟာအမေဖြစ်သူပြောနေကျစကား

"တက်စရာ တက္ကသိုလ် ဆိုတာကြီးရှိသေးတယ် လဒရဲ့"

သားကိုအဲလိုချစ်စနိုးခေါ်တာ

"အခုလိုလွတ်လွတ်လပ်လပ်နေရအောင်နင်က ဘွဲ့ရပြီးတဲ့သူများထင်နေလား??"

အမေ့စကား ၃ ခွန်းအပြီး laptop screen မှာပေါ်လာတာ တခုတည်းသောစာတန်းတစ်ခု

" Game Over"

"ဟာာာ အမေ တိတ်တိတ်လေးနေပေးလို့မရဘူးလားဗျာာ အမေ့ရဲ့စကားတွေကြောင့် game ရှုံးနေပြီ"

ကျနော်စိတ်ရှုပ်စွာ ဆံပင်တွေထောင်သွားတဲ့အထိခေါင်းကုပ်ပြီးပြန်ပြောလိုက်တယ်

"လဒ ငါ့စကားကို ဂေး လောက်တောင်တန်ဖိုးမထားဘူး"

"omma ဂိမ်းပါဆိုနေ ဂေးမဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ် အဲလိုအသံထွက်မှားတာနင့်ကြောင့်"

"...."

omma အကျင့်ကသူဘာဖြစ်လို့ပဲမှားမှား ကျနော့်ကြောင့်လို့အပြစ်တင်တာ

"နောက်တစ်ပတ်ပဲ တက္ကသိုလ်တွေဖွင့်တော့မယ် နင်ကဒီမှာဆော့လို့ကောင်းတုန်းလား အမေကပဲအကုန်လိုက်လုပ်ပေးနေရတာမဟုတ်သေးပါဘူး"

"omma ကလဲ ကျနော့်လည်းကိုယ့်ကိစ္စကိုယ်တာဝန်ယူနိုင်ပါတယ်ဗျာာ အခု တက္ကသိုလ်ကလည်းကျနော်တက်ရမှာ omma တက်ရမှာမဟူတ်ဘူး အဲ့လောက်ကြီးစိတ်ပူမနေနဲ့ ဟဲ ဟဲ တွေ့လား ကျနော်ကိုယ်တိုင်တောင်အေးဆေးပဲ"

ခေါင်းနောက်စေ့နောက်မှ ကျိန်းစပ်၍စူးရှသော နာကျင်မှုတခုကိုခံစားလိုက်ရတယ်

တပြိုင်နက်ကျနော့်နောက်ကျောကနေ စာအုပ်ပြုတ်ကျသံလေးကိုပါကြားလိုက်ရတယ်

"အာာား omma"

"စကားပြောတာကအစ နမော်နမဲ့ နဲ့"

"ပါးစပ်နဲ့ပြောလည်းရတာကို omma ကလဲ ဘာလို့ စာအုပ်နဲ့ပစ်ပေါက်တာလဲလို့??"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now