Ch-3

1.7K 158 0
                                    

Unicode

(zawgyi below)

Jaehyun 's POV

After 1 week

ဆရာနဲ့တွေ့ပြီးတစ်ပတ်အကြာ

သေးငယ်တဲ့ပြတင်းပေါက်ကနေ အပြာရောင်ကောင်းကင်ကြီးကိုကျနော်ငေးကြည့်ရင်းးး

Lee Taeyong

သူဟာဘယ်လိုလူမျိုးလဲ???

ဆရာမို့လို့ပဲ မာန်တင်းခံနေတာလား??

ကျနော်တို့လို တပည့်တွေကိုတောင်စကားတခွန်းမှမပြောနိုင်လောက်အောင်သူဟာ ဘယ်လိုတောင်အချေကြီးတာလား? ဒါမှမဟုတ် သင်္ချာမာစတာကြီးဆိုပြီး ဘဝင်မြင့်နေတာလား?

ဆရာကြားထဲမှာလည်းထူးခြားတဲ့အပြင် တပည့်ကြားထဲမှာလည်းအထူးခြားဆုံး။

တပည့်ကြားထဲမှာထူးခြားတာကတော့ သူ့ရဲ့လိုက်မမှီနိုင်တဲ့လက်ရေးနဲ့ရှင်းပြချက်တွေကြောင့်

ဆရာကြားထဲမှာထူးခြားတာကတော့ တခြားဆရာ ၊ဆရာမတွေနဲ့ရောရောဝင်ဝင် မနေဘဲသီးခြားနေတတ်တာကြောင့်။

ဒါပေမယ့်လည်း စာနားမလည်ရင်သူ့ပဲအားကိုးစရာရှိတော့ တိတ်တခိုးပြစ်မှားရုံကလွဲပြီးဘာတတ်နိုင်မှာလဲ?

အေးစက်တယ်လို့ပြောရမလား? ရပ်တည်ပြီးစူးရှတယ်လို့ပြောရမလား??

သူလိုလူဟာဘယ်လိုကြောင့် ဆရာ ဖြစ်လာရတာပါလိမ့်?

"Ya Jaehyun"

"omn?"

"ပြတင်းပေါက်ကနေငေးပြီးဘာတွေတွေးနေတာလဲ?"

ကျနော့်အခန်းဖော် Win Win ရဲ့ခေါ်သံကြောင့်ကျနော်လည်း ပြတင်းပေါက်ကနေအပြင်ကိုကြည့်နေရာက ဘေးနားမှာရှိတဲ့အိပ်ရာပေါ်မှာထိုင်လိုက်တယ်။

"ဘာမှမဟုတ်ပါဘူးကွာာ ဒီလိုပဲ ပျင်းလို့"

"ပျော်ပျော်နေစမ်းကွာ အခုမှ အဆောင်ရောက်တာ ၅ ရက်ပဲရှိသေးတာကို ပျင်းနေပြီလား"

"ပျင်းတာပေါ့ကွ ဘာမှလည်းလုပ်စရာမရှိဘဲ"

"ဟိုကောင် Yuta and Taeil ပြန်လာရင် လျှောက်လည်ကြမယ်လေ ဒီနေ့လည်းပိတ်ရက်ပဲကို"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now