Ch-21

1K 112 2
                                    

Unicode

(zawgyi below)

Jaehyun's POV

ဘာတွေကူးရေးထားမှန်းမသိသော သင်္ချာဂဏန်းတွေနဲ့ပြည့်နှက်နေတဲ့စာရွက်တွေကိုသာ ကျွန်တော်ထပ်ခါထပ်ခါလှဲကြည့်နေမိသည်။

စာကြည့်နေတာလည်းမဟုတ်ဘဲ စိတ်ပျက်စွာနဲ့ စာရွက်တွေကိုမနားတမ်းလှဲကြည့်နေမိခြင်းသာ။

တဖြည်းဖြည်း စာရွက်ပေါ်က သင်္ချာဂဏန်းတွေကိုကြည့်ရင်း ဆရာ Lee Taeyong ကြီးမျက်နှာကိုမြင်ယောင်လာတော့ အမြင်ကတ်စွာနဲ့ စာအုပ်ကိုဗျန်းခနဲပိတ်ချလိုက်သည်။

တပည့်မတွေကလည်း အနေအထိုင်ကိုမတတ်ဘူး

ဘယ့်နှယ့် ဆရာချောချောလေးတွေဆို အနားကပ်ပြီး ရောရောနှောနှောသိပ်နေချင်ကြတာ

ဒီကြားထဲ skin က ship လိုက်သေး...

ကျွန်တော်သက်ပြင်းချပြီး စိတ်ညစ်တဲ့အမူအရာနဲ့ ကျွန်တော့်ရှေ့ကအရာအားလုံးကို အမြင်ကတ်ကတ်နဲ့ကြည့်နေမိတယ်။

"ဘာဖြစ်နေတာလဲ? ဟေ့ကောင် မျက်နှာမလန်းပါလား"

"အေးကွာ ငါ့ကိုယ်ငါဘာဖြစ်နေမှန်းတောင်မသိတော့ဘူး"

Taeil ဆိုသည်မှာလည်း သူ့ဘေးကလူတစ်ခုခုမူမမှန်ရင် စပ်စုလိုက်ရမှ

"စာနားမလည်လို့နေမှာပေါ့"

ဘေးနားက Win Win ကဝင်ထောက်တော့

"ဒီကောင်လား စာမရရင်ဒီလိုစိတ်ညစ်မယ်ဆိုတာ? စာကြောင့်တော့မဟုတ်ဘူး သေချာတယ် တစ်ခုခုပဲ ဘာလဲ? Irene က်ုလိုက်တာမအောင်မြင်သေးလို့လား"

Taeil က Irene အကြောင်းပြောလာတော့ ကျွန်တော်လန့်ဖျတ်ပြီး သူ့ကိုကြည့်လိုက်မိသည်။ အရင်ကတော့ Irene ကိုသဘောကျလွန်းလို့ သူတို့ကိုရင်ဖွင့်တိုင်ပင်တိုင်း သူတို့ဆီကအကြံတစ်ခုခုရတတ်တယ်။ ဒါ့ကြောင့်လည်း ကျွန်တော်စိတ်ညစ်စရာတစ်ခုခုဖြစ်တိုင်း ဒါဟာ Irene ကြောင့်ဆိုပြီး သူတို့ကသေချာသိနေတဲ့အထာနဲ့လာလာမေးတတ်ကြတယ်။

အရင်ကတော့ ဟုတ်ပေမယ့် အခုမဟုတ်တော့တာကိုတော့ ကျွန်တော်သူတို့ကိုဘယ်လိုပြောထွက်ပါ့မလဲ

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now