Ch-13

1.3K 123 12
                                    

Unicode

(zawgyi below)

Taeyong's POV

ကျွန်တော်လည်းတော့ပိုကီတစ်ပွဲလုံးကုန်သွားအောင်မစားလိုက်ရပါ။

ကျွန်တော့်အရှေ့က အစားဆိုအားရပါးရစားတတ်သောတပည့်လေးက အခုတော့ တစ်မျှင်ချင်းစီရေပြီးစားနေသလိုအစားလည်းမဝင်တဲ့အပြင် မျက်နှာလည်းတော်တော်မကောင်း။ ဒါ့ကြောင့်သူ့ရဲ့မရွှင်မလန်းမျက်နှာကိုမသိမသာအရိပ်အကဲခတ်ပြီး ကျွနိတော့်မှာရင်တွေပူပြီးမစားနိုင်ခဲ့ဘူး

ငွေရှင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ ၂ ယောက်လုံးစားသောက်ဆိုင်ထဲကနေကိုယ်စီထွက်လာကြပြီး ရပ်ထားတဲ့ express ကားကြီးဆီသို့ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာကြတယ်။ ကျွန်တော့်အတွေးတွေက သူ့ဆီမှာသာရှိလို့ ကျွန်တော့်ထက်ခြေတစ်လှမ်းသာနေတဲ့ သူ့ကိုအနောက်ကနေမသိမသာလှမ်းလှမ်းကြည့်နေမိတယ်။

ကျွန်တော်ဟာ ဆရာတစ်ယောက်ဖြစ်တဲ့အလျောက် ငယ်စဉ်ကလည်းလူကောင်းတို့အကျင့်တွေနဲ့ကြီးပြင်းလာတဲ့လူတစ်ယောက်ဖြစ်တယ်။

သူများပစ္စည်းတွေမခိုးခဲ့ဖူးပေမယ့် အခုတော့ သူ့ရဲ့မျက်နှာကို ခိုးခိုးကြည့်နေရတဲ့ ပြစ်မှုကြီးကိုကျွန်တော်ကျူးလွန်နေမိတာပဲဖြစ်တယ်

"ဆရာ"

ရုတ်တရက်အနောက်လှည့်ပြီးခေါ်လာလို့

သူ့မျက်နှာခိုးကြည့်နေရတဲ့ကျွန်တော့်မျက်လုံးတွေကို ဟိုဘက်ကိုအမြန်ပြောင်းလိုက်ရတယ်။ ခြေလှမ်းတွေကိုလည်းမရမကအမြန်အရှိန်ထိန်းပြီးရပ်လိုက်ရတယ်။

"ကားပေါ်မှာအေးတယ်။ ဆောင်းတွင်းကလည်းဖြစ်တော့ပိုအေးမှာ! ကျွန်တော့် coat ကိုခြုံထားလိုက်"

သူ့ရဲ့ အနက်ရောင် leather coat ကိုချွတ်ပြီးကျွန်တော့်ကိုပေးလာတဲ့ Jaehyun ကိုကျွန်တော်ထူးဆန်းတဲ့သားကောင်တစ်ကောင်လိုစိုက်ကြည့်နေမိတယ်။

သူဘာတွေတွေးနေလဲ

ဘာတွေဖြစ်နေလဲ

ကျွန်တော်မသိရတာဟာ ကျွန်တော့်ရဲ့အကြီးမားဆုံးသောဝမ်းနည်းမှုပဲ

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now