Ch-15

1.2K 115 15
                                    

Unicode

(zawgyi below)

Taeyong's POV

နေ့လည်စာစားပြီး Johnny နဲ့စိတ်ပြေလက်ပျောက်လျှောက်လည်နေလိုက်တာဆိုတာ ညရောက်လာတာတောင်သိပ်သတိမထားမိဘူး

ညကလည်းဖြစ်တော့ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းနဲ့အတူထိုင်ရတုန်းလေး သောက်လိုက်မယ်ဆိုပြီး စကားတွေပြောရင်းသောက်လိုက်တာ ၃ ပုလင်းလောက်ကုန်သွားလေရဲ့

၃ ပုလင်းအရှိန်က တဖြည်းဖြည်းနဲ့တက်လာတဲ့အချိန်မှာ

"Johnny ahhhhhh"

"မင်းမြင်တယ်မလား? ငါ့တပည့်လေးကို~~~~ အေ့"

"သူ့မျက်နှာလေးကလေ ယောက်ျားပီသပြီးချောတာကွ~~~ ဒီကြားထဲရယ်လိုက်ရင် ပါးချ်ုင့်လေးနဲ့ အေ့"

"အရမ်းရယ်ရင် မျက်လုံးလေးတွေကပိတ်သွားသေး"

"တစ်ခါတစ်လေကျတော့လည်း ~~~~~ အေ့ ပါးလေးတွေဖောင်းပြီး ချစ်ဖို့ကောင်းနေပြန်ရောကွ~~~"

"ငါသူ့ကိုအရမ်းချစ်နေမိပြီနဲ့တူတယ်~~~~~ ဘယ်တုန်းကမှအဲ့ဒါကိုငါသိလဲဆိုရင်~~~~အေ့~~~ သူ့အကြောင်းကိုနေ့တိုင်းတွေးနေမိတော့မှ~~~~ ငါသူ့ကိုတကယ်ချစ်နေမိပြီဆိုတာသိတာ~~~ အေ့"

လက်ထဲက နောက်ပုလင်းတစ်ခုကိုကျွန်တော်တဂွက်ဂွက်နဲ့မော့လိုက်ပြီးနောက်

"ပြီးတော့လေ~~~အေ့~~ သူ့အသားနဲ့ထိဖို့မပြောနဲ့! သူနဲ့ကပ်နေရင်တောင် ရင်ခုန်သံတွေကဒန်းလဗြန်းထအောင်ခုန်နေတာ~~~~"

"ဟေ့ကောင် မင်း အော်ကြီးဟစ်ကျယ်နဲ့သိပ်မပြောနဲ့ဒးီနေရာမှာမင်းနဲ့ငါ၂ယောက်တည်းရှိတာမဟုတ်ဘူးကွ"

Johnny ကဘေးဘီကြည့်ပြီးပြောသော်လည်း

"သိဘူးကွာာာာာ~~~~~ ရင်ဖွင့်မယ်!!!! ငါအမြဲ ခံစားချက်တွေသိုလှောင်ထားရတာပင်ပန်းလာပြီ အေ့"

" မင်းသူ့ကိုချစ်တာလည်းချစ်တာပေါ့ ဒါပေမယ့် ဆရာ့မာန်ဆိုတာလေးတော့ထားသင့်တယ်"

"ထားတာပေါ့ !!!!!!!!!!!!! ထားလို့ပဲသူ့ရှေ့မှာ ရင်ခုန်သံတွေထပျံနေတာတောင် မျက်နှာတည်ကြီးနဲ့နေနေရတာ အေ့ သူ့ကိုလေသံမာမာနဲ့ပြောလိုက်ရင် "nae" ဆိုပြီးခေါင်းလေးငုံ့သွားရင် သေမလိုခံစားရတာ!!!!!! ဗြဲ!!!!!!!!! မင်းအာ့တွေမသိဘူးမလား?????? မင်းမသိဘူးဆိုတာငါသိတယ်"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now