Ch-4

1.6K 148 6
                                    

Unicode

(zawgyi below)

Jaehyun 's POV

On Monday

ညကအဆောင်ရှေ့အော်ဟစ်ထားသမျှ မနက်မှဇာတိပြတာ။ အသံတွေနာ လက်ထိပ်တွေနာနဲ့။

အတန်းတောင်မတက်ချင်တော့ပေမယ့်လည်း rapper အချိန်ရှိတာကြောင့်အတော်လေးအားယူပြီးကုန်းထရတယ်။ ညကပင်ပင်ပန်းပန်းရေးထားတဲ့ ရည်းစားစာကိုလည်းလွယ်အိတ်ထဲထည့်ပြီး ကမန်းကတန်းအတန်းကိုပြေးရသေးတယ်။

အတန်းထဲရောက်တော့ ကျေးဇူးရှင်က စသင်နေပြီတော့။

အနောက်ပေါက်ကနေအသာလေး ခိုးဝင်ပြီးလွတ်တဲ့နေရာမှာတိုးဝင်ပြီးထိုင်လိုက်တယ်။

ထုံးတမ်းအစဉ်အလာတိုင်း ကျနော်ထိုင်ကူးလိုက်သေးတယ်။ ဒီအချိန်မှမကူး ဘယ်အချိန်သွားကူးမလဲ?

" assignment တွေလာတင်ပါ"

တစ်ယောက်လက်တစ်ကမ်းဆီနဲ့ ထပ်လာသမျှစာရွက်တွေကိုစုစည်းပြီး rapper ကြီးအခန်းထဲကထွက်သွားတယ်။

"ဝှာာားးး အိပ်ချင်လိုက်တာကွာာာ"

"မင်းညကမအိပ်ဘူးလား" - Yuta

"သြော် အေးး ဟျောင့် ငါညကထိုင်ရေးထားတဲ့စာမင်းကိုပြမယ် ဖတ်ကြည့် ပြီးရင် editor လုပ်ပေး"

"ဟျောင့် ငါလည်းဒီလောက်ကြီးအဖွဲ့အနွဲ့ကောင်းတာမဟူတ်ဘူး"

"editor လုပ်ပေးရုံပါပဲဆိုနေ"

ညကခေါင်းခဲတဲ့အထိစဉ်းစားပြီးရေးထားသော ရည်းစားစာကိုကျနော်လွယ်အိတ်ထဲမှထုတ်ရန် လွယ်အိတ်ဇစ်ကိုဖွင့်လိုက်သည်

"ငါ့မှာ သေချာလုပ်ထားတာ ရေမွှေးတောင်ဖျန်းထားတာ"

"အကဲပိုထှာ ပေးလေ ဘယ်မလဲ"

"ခဏလေး ရှာနေတုန်း"

ဟင်????

မတွေ့ပါလား??

မဟုတ်သေးပါဘူး။

စာကိုလည်းမတွေ့တော့ကျနောိခေါင်းနပန်းကြီးသွားတယ်။ လွယ်အိတ်ထဲခေါင်းစိုက်ရှာပေမယ့်လည်း အရိပ်အယောင်တောင်မတွေ့။

စာအုပ်တွေကိုတစ်အုပ်ချင်းထုပ်ပြီး စာရွက်ကြားတွေအထိလိုက်ရှာတာတောင်လုံးဝမတွေ့

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now