Ch-23

1K 101 4
                                    

Unicode

(zawgyi below)

Taeyong's POV

ကျွန်တော် မစစ်ချင်သေးဘူးဆိုပြီး အကြွေးထားထားသော စာအုပ်တွေ assignment တွေကိုကျွန်တော်အာရုံစိုက်ပြီး အမှတ်စစ်ပြီးတဲ့နောက် ..

ဒီနေ့တစ်ချိန်တည်းသာပါသော ကျွန်တော့်ရဲ့ကောင်စုတ်လေးတွေအတန်းထဲဝင်ရမယ့်အချိန်တောင်နီးပါပေါ့လား?

နာရီကိုကြည့်လိုက်တော့အခုမှ break time ပြီးခါစ

break time ပြီးခါစဆိုရင် စားထားသမျှတွေအကုန်အာဟာရပြပြီး ကျွန်တော်သင်သမျှကိုခေါင်းငုံ့မျက်စိမှိတ်ပြီးနားထောင်တတ်ကြတဲ့ တပည့်တွေအချိန်မို့ ဒီနေ့လိုနေ့မျိုးဆို အတန်းထဲဝင်ရင်သိပ်စိတ်ပျက်ရတယ်။

ဒါကိုကျွန်တော့်လိုအချေဆရာကလည်း "ဟဲ့ နားလည်လား? နားထောင်နေကြလား" ဆိုပြီးကိုယ်သင်တာကိုအဖတ်လုပ်ဖို့အော်ဟစ်ဆူပူတာတွေ တစ်ခွန်းဆိုတစ်ခွန်းဘယ်တုန်းကမှမလုပ်ဘူး။

ငိုက်ထား အိပ်ထား

မသိချင်ယောင်ဆောင်ပြီး ဆက်သင်တယ်

စာမေးပွဲနီးမှ "ဆရာရေရရ" ဆိုပြီး မရှူနိုင်မကယ်နိုင်ဖြစ်လာတဲ့ တပည့်တွေဆို ကိုယ်ကလှည့်ကိုမကြည့်တော့တာ။

စာသင်တုန်းကတော့နားမထောင်ဘဲ ငိုက်နေကြပြီး စာမေးပွဲနီးမှလာငိုကြတာလေးတွေ

ဆရာတွေဘဝက လိုသုံး နဲ့တော့တူသား

"ဆရာ ဆရာ့ကိုလာကြိုတာ"

ကျွန်တော်မော့ကြည့်လိုက်တော့ ကျွန်တော့်ကောင်စုတ်လေးရဲ့သူငယ်ချင်းတွေ ကျွန်တော့်ကိုလာကြိုကြတာ။

၃ ယောက်လောက်တော့ရှိတယ်

တစ်ယောက်က Taeil ဆိုလား နောက် ၂ ယောက်ကတော့ကျွန်တော်လည်းနာမည်အလွတ်မရဘူး

ကျွန်တော့်ကောင်စုတ်လေးလေးမှာတော့အမြဲမြင်ဖူးတယ်။

သူသူငယ်ချင်းတွေကသာကျွန်တော့်ကိုလာကြိုတာ ကျွန်တော့်ကောင်စုတ်လေးကပါမလာဘူး။

ဒင်းလေးကလည်းကျွန်တော့်ကိုမချေမငံပြန်ရှောင်နေတယ်။

အင်းပေါ့လေ

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now