Ch-5

1.5K 155 0
                                    

Unicode

(zawgyi below)

Taeyong 's POV

"သြောာ် ဒါငါ့ကိုစာလာလာမေးနေတဲ့ ငနာလေးပဲ တောက်~~~~ ငါဒီလောက်ရုပ်တည်နဲ့နေတာတောင်ငါ့ကိုစော်ကားရဲတယ် ကြည့်နေ ပါမောက္ခချုပ်နဲ့တိုင်လို့ရအောင် စာကိုသိမ်းထားဦးမှာ"

"လဒစုတ် သေနာလေးးး"

ပါမောက္ခချုပ်နဲ့ဒင်းကိုတိုင်လို့ရတယ်ဆိုတာကိုသိလိုက်ရတော့ စိတ်ထဲနည်းနည်းပေါ့သွားသလိုလို။

ကျနော်လည်း စာကိုအံဆွဲထဲက ကျနော့် note book ထဲညှပ်သိမ်းလိုက်ပြီး အခန်းမီးတွေပိတ်ပြီးအိပ်ဖို့ပြင်ဆင်လိုက်တယ်။

တနေ့ကုန်ပင်ပန်းညောင်းညာသမျှ အိပ်ရာနဲ့ထိလိုက်တဲ့အခါကျမှအတော်လေးဇိမ်ရှိတယ်ဆိုတာခံစားရတာ။

မပင်ပန်းတဲ့ရင်ဆိုတာကျနော့်အတွက်မရှိ။

ပိတ်ရက်ဆိုရင် ကျောင်းသားတွေနဲ့မခြား အိပ်ရာထဲမှာသိုးနေအောင်အိပ်တတ်တာ။

ကျောင်းဖွင့်ရက်ဆိုတာကတော့ပိုဆိုး အိပ်ရာဆိုတာမျက်စောင်းတောင်ထိုးမကြည့်နိုင်ဘူး။ အလုပ်များလွန်းလို့။ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်တာနဲ့ မျက်လုံးတွေကအလိုလိုဆင်းကျလာတာ။

ကျနော့်အတွက်အနားယူလို့အကောင်းဆုံးအချိန်ပေါ့လေ။

After half an hour

နာရီဝက်ခန့်အကြာ

"ဒေါက် ဒေါက်" (knock knock)

💭Aishhh အိပ်ပျော်သွားမှကွာာာ ညကြီးမင်းကြီးဘယ်သူဘာလာလုပ်တာလဲ??? အခန်းမှားပြီးသန်းခေါင်စာရင်းလာစစ်တာလား💭

ကျနော်လည်း ဒယိမ်းဒယိုင်နဲ့တံခါးဘုလုံးကိုလှည့်ဖွင့်လိုက်တယ်။

တံခါးဖွင့် ဖွင့်ချင်းဒယိမ်းဒယိုင်နဲ့တိုးဝင်လာတဲ့လူတစ်ယောက်ဟာ မထင်မှတ်ဘဲ ကျနော့်ရင်ခွင်ထဲရောက်လာတယ်။

Icezzz သူကဘယ်သူလဲ???

ညဘက်မို့လို့ဘယ်သူဘယ်ဝါသဲသဲကွဲကွဲမမြင်ရပါ။

သေချာတာကတော့ အဲ့ဒီလူဆီကအရက်နံ့တထောင်းထောင်းထွက်နေတယ်ဆိုတာပဲ

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now