Ch-25

1.1K 101 1
                                    

Unicode 

(zawgyi below)

Jaehyun's POV

နောက်နေ့မနက်ရောက်တော့ ကျွန်တော်ရော ဆရာရော တော်တော်လေးအိပ်ရာထလိုက်ရတယ်။ ညက ကျွန်တော်တို့အားကူန်ထားတာကြောင့်ရော အိပ်ရာဝင်နောက်ကျခဲ့ကြတာကြောင့်ရော မနက်ရောက်တော့အိပ်ရာပေါ်ကနေ ကျွန်တော်တို့ရုန်းထွက်နိုင်ဖို့ အတော်လေးအားယူလိုက်ရတယ်။

"ဆရာ နိုးပြီလား"

"အင်း! ဒါပေမယ့်မထချင်သေးဘူးဖြစ်နေတယ်"

"ကျွန်တော်ရောပဲ! ဒါပေမယ့်လည်းအိပ်ရာထဲဆက်ခွေနေလို့မဖြစ်ဘူးလေ"

"အေး! ဘယ်နှစ်နာရီတောင်ထိုးနေပြီလဲ"

"၈ နာရီလောက်ပေါ့"

"ထတော့ ထတော့! ငါတို့အလုပ်တွေရှိသေးတယ် မင်းလည်းစာလုပ်ရမယ် ငါလည်းဌာနမှူးခိုင်းထားတာတွေလုပ်ရမယ်"

သူကဒီလိုလှုံ့ဆော်မှုတွေပေးတော့ ကျွန်တော်လည်း မရမကအိပ်ရာပေါ်ကဆင်းလိုက်ရတယ်။

"Jaehyun မင်း အဝတ်တွေ ခြင်းထဲထည့်"

မနေ့က ကျွန်တော်တို့ သောင်းကျန်းခဲ့တုန်းက သူ့အင်္ကျီတွေရော ကျွန်တော့်အင်္ကျီတွေရော ကြမ်းပြင်ပေါ်ကိုလွှတ်ပစ်ခဲ့တာ။ ကိစ္စလည်းပြီးရော ပင်ပန်းပြီးအိပ်ပျော်သွားတာ အဲ့အင်္ကျီတွေတောင်ပြန်မကောက်နိုင်တော့ဘူး

ကြမ်းပြင်ပေါ်ကျနေတဲ့ သူ့အင်္ကျီတွေကို သူကကောက်လိုက်ပြီး ကျွန်တော့်ကိုလည်း ကိုယ့်အဝတ်ကိုယ်လာကောက်ဖို့ပြောလာတာဖြစ်တယ်။

"nae!!"

အင်းးး အင်းပေါ့

ဒီလောက်တော့ရှိတာပေါ့လေ

အသန့်ကြိုက်ပြီးတိကျလွန်းတဲ့ဆရာတစ်ယောက်လုံးကို ချစ်သူတော်ထားရတာဆိုတော့လည်း...

ဒီလောက်မှမရှိရင် သဘာဝမကျဘူးလေ

အိပ်ရာပေါ်ကသာထလိုက်တာ

ကြမ်းပြင်ပေါ်က ကျွန်တော့်အဝတ်တွေကိုမကောက်သေးဘူး

အကြောတက်နေတဲ့ ဇက်ကြောကိုတကျွတ်ကျွတ်ချိုးလိုက်ပြီး နောက်ဖေးဘက်တန်းဝင်ကာ မျက်နှာသစ် သွားတိုက်လိုက်တယ်။ ဆရာကတော့ မနက်စာကို ၂ ယောက်စာပြင်ဆင်နေပုံရပြီး ကျွန်တော့်ကို ဝင်ကူပေးဖို့လှမ်းမခေါ်ခဲ့ဘူး။

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now