Ch-19

1K 103 0
                                    

Unicode

(zawgyi below)

Taeyong's POV

ကျွန်တော်တို့ Seoul ကိုပြန်ရောက်တဲ့ ၂ပတ်မြောက်သောနေ့တစ်နေ့မှာပေါ့....

နေထိန်ထိန်သာနေတဲ့နေ့လေး.....

ထိန်ထိန်သာတယ်ဆိုတာ စကားလေးကသာလှတာ။

ခံစားရတာသေမလိုပဲ။

ပူလိုက်တာဆိုတာမှ ချွေးပေါက်ဆိုတာ ရေလိုပဲ ကိုယ်မှာရွှဲနေတာ။ နေအရမ်းပူတဲ့နေ့မှာမှ ကျွန်တော်တို့ပဲအိမ်ပြောင်းမိတာလား? ကျွန်တော်တို့အိမ်ပြောင်းတဲ့နေ့မှာမှ နေအရမ်းပူနေတာလား?

အိမ်ပြောင်းတာထက် အဆောင်ငှားနေနေရာကနေ တိုက်ခန်းတစ်ခန်းဆီကိုလွတ်လွတ်လပ်လပ်နေဖို့ပြောင်းလာကြတယ်ဆိုရင်ပိုမှန်လိမ့်မယ်။

ကျွန်တော်ကလည်း ဆရာများအဆောင်မှာနေနေရာက တိုက်ခန်းလေးတစ်ခန်းကိုငှားလိုက်ပြီးပြောင်းလာသလို ချစ်လှစွာသော တပည့်လေး Jaehyunie လေးကလည်း ကျောင်းသားများအဆောင်ကနေ ကျွန်တော်နဲ့အတူနေဖို့ရာ ထိုတိုက်ခန်းဆီပြောင်းလာကြတာပဲဖြစ်တယ်။

Mokpo မှာပြောခဲ့ကြသလို တိုက်ခန်းတစ်ခန်းလေးငှားပြီးအတူတူနေကြမယ်ဆိုတဲ့ စကားကိုကျွန်တော်တို့ Seoul ပြန်ရောက်ရောက်ချင်းအကောင်အထည်ဖော်ကြတာပဲဖြစ်သည်။

ကျွန်တော်ကတော့ ဆရာ မို့လို့စုမိဆောင်းမိတာလေးတွေရှိပေမယ့် Jaehyun ကတော့ ဝင်ငွေကသိပ်မရှိတဲ့အပြင် လက်လည်းလွယ်တာကြောင့် စုထားတာသိပ်မရှိ။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ တိုက်ခန်းငှားဖ်ု့လိုနေတဲ့ ငွေတစ်ချို့ကို Johnny ဆီကချေးရသတဲ့

"ချေးပါကွာ" ဆိုတာကို "အေးအေး" ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့လွယ်လွယ်လေးအတည်ပြုမယ့်အစား ဘာလို့လဲ ဘာကြောင့်လဲ ပြန်မေးနေတာနဲ့တင် ကျွန်တော်တို့ရဲ့ ဆရာတပည့်ကိစ္စလည်းပေါ်သွားတော့တာပဲ

Johnny ကစေတနာပိစိနဲ့ချေးလိုက်တဲ့ ငွေတွေနဲ့ ကျွန်တော်တို့ရဲ့ ငွေတွေပေါင်းလိုက်မှ တိုက်ခန်းငှားဖ်ု့အဆင်ပြေသွားတယ်

ဒီလိုနဲ့ ဒီလို ကျောင်းပိတ်တဲ့ရက်ကလေးရွေးပြီး ကျွန်တော်တို့ ၂ ယောက်ပြောင်းလာကြတယ်

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now