Ch-16

1.1K 109 5
                                    

Unicode

(zawgyi below)

Taeyong's POV

မွှေးလိုက်တာ

ဒီအမွှေးနံ့ကိုကျွန်တော်ရင်းနှီးဖူးသည်

အခြားတော့မဟုတ်။

မမှတ်မိစရာအကြောင်းကိုမရှိတာ

ဒီအမွှေးနံ့က ကျွန်တော့်တပည့်လေးရဲ့ ကိုယ်သင်းနံ့လေး

ကျွန်တော်ကြိုက်တဲ့အမွှေးနံ့လေးပေါ့...

ကျွန်တော့်မျက်လုံးတွေမှိတ်ထားပေမယ့် ဒီကိုယ်သင်းနံ့လေးကိုကျွန်တော်ကောင်းကောင်းရနေတယ်။ ဒီတစ်ခေါက်တော့ အဲ့အနံ့လေးကအရမ်းမွှေးနေတာ။ ကျွန်တော်ကပဲ တပည့်လေးနဲ့အရမ်းနီးကပ်နေပြီး ရှိုက်ရှူနေရသလိုမျိုးပေါ့ ။ ဒီတစ်ခေါက်တော့ သူ့ကိုယ်သင်းနံ့လေးကိုကျွန်တော် စွဲစွဲလန်းလန်းနဲ့ရှူရှိုက်လို့ရနေတော့ ကျွန်တော်ဒီနေ့ကံကောင်းလှချည်ရဲ့လို့တွေးလိုက်မိသည်။

ကျွန်တော်အိပ်ပျော်နေရင်း အိပ်မက်မက်နေတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့်အိပ်မက်ထဲမှာ အာရုံငါးပါးကဒီလောက်ထိအားမကောင်းနိုင်ဘူးလေ

အိပ်မက်ထဲအထိတောင် သူ့ကိုယ်သင်းနံ့ကိုဒီလောက်ထိခပ်ပြင်းပြင်းရနေတယ်ဆိုတာကတော့ ကျွန်တော်သူ့ကိုချစ်လွန်းလို့စိတ်စွဲနေတာပဲဖြစ်လိမ့်မယ်

ညကအရမ်းသောက်ထားတော့မျက်လုံးကသိပ်ဖွင့်လို့မရ။

အခုခေါင်းအုံးပြီးအိပ်နေတဲ့ ခေါင်းအုံးလေးကလည်း မာသလိုလိုပျော့သလိုလိုလေး။ Mokpo ရောက်မှကျွန်တော်လည်း အာရုံငါးပါးအထိအတွေ့တွေအတော်ကောင်းနေတာပဲ။ Johnny ကဒီလိုအထိအတွေ့နဲ့တင် အိပ်မက်ကမ္ဘာထဲရောက်ချင်စရာခေါင်းအုံးကို ဘယ်လိုတောင်ရှာဝယ်ထားလိုက်လေသလဲ?

ကျွန်တော်မျက်လုံးမှိတ်ထားရင်း ခေါင်းအုံးလေးကိုသဘောကျလွန်းလို့လက်ကလေးပါတင်လိုက်တယ်။ ခေါင်းအုံးကနွေးနွေးလေး။

ခေါင်းအုံးတင်မက ကျွန်တော်တစ်ကိုယ်လုံးပါနွေးနေတာ။ ဆောင်းရာသီရဲ့မနက်ခင်းမှာ အိပ်ရာနိုးရင် အေးနေတတ်တာကို ဒီနေ့မှ နွေးနေတတ်တာလေးက ထူးဆန်းပါရဲ့

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now