Ch-22

1K 95 1
                                    

Unicode

(zawgyi below)

Taeyong's POV

"Taeyong ပြန်တော့မလား? တခါတည်းလိုက်ခဲ့လေ"

ဌာနတူ ဆရာတစ်ယောက်ကကျွန်တော့်ကိုလောကွပ်ပြုရင်းခေါ်လာတာကို ကျွန်တော်အပြုံးချိုချိုနဲ့သာထပ်ငြင်းလိုက်ရတယ်

"ဟင့်အင်း! ကျွန်တော် သိမ်းစရာလေးတွေကျန်နေသေးလို့ အစ်ကိုတို့ပဲအရင်ပြန်နှင့်လိုက်တော့"

"ok ok. ဒါဆို အရင်ပြန်လိုက်တော့မယ်"

"nae. ဂရုစိုက်သွားဦး"

အမှန်တော့ ဘာမှသိမ်းစရာမရှိတော့တဲ့ ကျွန်တော့်စားပွဲပိုအထပ်ထပ်အခါခါအချိန်ဆွဲပြီးဖုန်သုတ်နေခြင်းသာဖြစ်တယ်။ အိမ်ပြန်ဖို့ဒီနေ့မှခြေလှမ်းတွေလေးနေတယ်။

သူနဲ့ကျွန်တော်မျက်နှာချင်းဆိုင်ဖို့ဒီလောက်တောင်ပဲ ခက်ခဲလား?

ဒါက်ုဖြေဖို့ဆိုရင် ဟုတ်တယ် အရမ်းခက်ခဲတယ်

ကျွန်တော်သူ့ကိုစချစ်ခဲ့ကတည်းက သူနဲ့မျက်နှာချင်းဆိုင်ဖို့သိပ်ခက်ခဲခဲ့တယ် အခုထိပဲ။

ရင်ခုန်နေတာတွေ အပြင်ဘက်ကိုလွင့်ထွက်သွားမှာစိုးလို့ သူနဲ့ကျွန်တော်မျက်နှာချင်းမဆိုင်ခဲ့ဘူး

ဒါကကျွန်တော်သူ့ကိုစချစ်မိတဲ့အချိန်တွေက...

အခုကတော့ ကျွန်တော့်ကိုဂရုမစိုက်ဘဲ မိန်းကလေးတွေနဲ့ပရောပရည်လုပ်နေတဲ့ သူ့ကိုကျွန်တော်မျက်နှာပြောင်တိုက်ပြီးမတွေ့ချင်ဘူး

ဒါ့ကြောင့် သူနဲ့မျက်နှာချင်းဆိုက်ဖို့က အချိန်မရွေးကျွန်တော့်ကိုအရမ်းခက်ခဲစေတယ်။

ရှောက်လွှဲလို့မရတဲ့ အိမ်ပြန်ချိန်ကို ကျွန်တော်တတ်နိုင်သလောက်အချိန်ဆွဲပြီး ရင်ဆိုင်ခဲ့ရတယ်။

ကျွန်တော်ကအိမ်ပြန်ဖို့ဒီလောက်အချိန်ဆွဲနေခဲ့တော့ သူကတောင်အိမ်ကိုစောပြန်ရောက်နေလောက်မှာ

ဒါပေမယ့် သူကျွန်တော့်ကိုဖုန်းဆက်ဖို့နေနေသာသာ sms လေးတစ်စောင်တောင်မပို့ခဲ့ပါဘူး။

ဟဲ့ ငါ့ကိုအဖတ်လုပ်ပါ ဆိုပြီးပြောရအောင်လည်း သူကကျွန်တော့်သူငယ်ချင်းမဟုတ်သလို အကြွေးတောင်းရမယ့်လူလည်းမဟုတ်ဘူး။

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now