Ch-14

1K 104 2
                                    

Unicode 

(zawgyi below)

Jaehyun's POV

"ဒါ Johnny တဲ့။ ငါ့သူငယ်ချင်း"

ကျွန်တော့်ဆရာကတော့ ခါတိုင်းလိုပဲတင်းတင်းမာမာနဲ့ပြောလာတယ်။

ကျွန်တော်က Johnny ဆိုတဲ့လူကို အရိုအသေပေးနှုတ်ဆက်လိုက်သည်။ အထုပ်အပိုးတွေ မ မ ရတဲ့ဆရာကကျော့ကျော့လေးနဲ့ ဆိုဖာပေါ်အရင်ထိုင်ချလိုက်တယ်။ ကျွန်တော်ကတော့အထုပ်ထမ်းသမားမို့လို့ တည်းခိုစရာနေရာရောက်တာတောင် မနားနိုင်သေးဘဲ ပစ္စည်းတွေဘယ်လိုနေရာချရမလဲဆိုတာ စဉ်းစားနေရတယ်

"Jaehyun ah! မင်းတို့အတွက်ငါအခန်းစီစဉ်ထားတယ်။ လာ ငါလိုက်ပြမယ်"

Johnny ကကျွန်တော့်နာမည်ကိုတိုက်ရိုက်တပ်ခေါ်ပြီး ပြောလာတာကြောင့် အထုပ်ကလေးတွေကိုင်ပြီးကြောင်တောင်တောင်နဲ့သူ့နောက်ကိုလိုက်သွားမိတယ်။

အခုမှစတွေ့တဲ့လူက ကျွန်တော့်နာမည်ကိုဘယ်လိုလုပ်သိနေရတာလဲ? မဟုတ်မှလွဲရော ဆရာကျွန်တော့်အကြောင်းများတစ်စွန်းတစ်စပြောထားလေသလား

ဒါလည်းမဖြစ်နိုင်သေးပါဘူး

ပြောရအောင် ဆရာအတွက်ကျွန်တော့်ကဘာကောင်မို့လို့လဲ?

Johnny ခေါ်သွားတဲ့အခန်းထဲကိုဝင်လိုက်တော့တွေ့လိုက်ရတာက အိပ်ရာကျဉ်းကျဉ်းလေး

ဒီအိပ်ရာကျဉ်းကျဉ်းလေးမှာ ယောက်ျားလေးနှစ်ယောက်ဘယ်လိုအိပ်ကြမတုန်း ပူးကပ်နေတော့မှာပေါ့

အင်းလေ Johnny ကလည်းတစ်ယောက်တည်းသမားဆိုတော့ အိပ်ရာကျယ်ကျယ်နဲ့ဘယ်အိပ်မလဲ?

ကျွန်တော်ကလည်း အိပ်ရာကျဉ်းကျဉ်းလေးပေါ်မှာ ဘယ်လိုအိပ်ရမလဲဆိုတာကို ရူးကြောင်ကြောင်နဲ့စိတ်ညစ်နေသေးတယ်

အချေဆရာကကျွန်တော်နဲ့မအိပ်ဘဲ သူ့ကိုအိပ်ရာပေါ်တင်ပြီး ကျွန်တော်ကကြမ်းပြင်ပေါ်မှာအိပ်ရမှာကို ကျွန်တော် ဘယ်လ်ုတောင်သတိမရရတာလဲ?

"ငါကတစ်ယောက်တည်းနေတာကွ။ နောက်ပြီး အခန်းကလည်းတစ်ခန်းတည်းရှိတာ။ Taeyong လာမယ်ဆိုလို့သာ ငါ့အခန်းကိုသူ့ပေးရတာ။ အဲ့တော့မင်းကဒီအခန်းထဲကလွတ်တဲ့နေရာမှာအိပ်ချင်အိပ် မဟုတ်ရင်လည်း အပြင်မှာငါနဲ့အတူအိပ်ပေါ့"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now