Ch-24

1.3K 113 1
                                    

Unicode

(zawgyi below)

Jaehyun's POV

ကျွန်တော်က တပည့်မတွေနဲ့အရောတဝင်နေတဲ့အကြောင်းကိုမကျေမနပ်ပြောနေတဲ့အချ်န်မှာ...

ဆရာကမဟုတ်ကြောင်းရှင်းပြခဲ့ပြီး သူ့မျက်လုံးထဲမှာအရောင်လက်လာတာကိုကျွန်တော်တွေ့လိုက်ရတယ်။

သူမျက်ရည်စတွေကိုပါးပြင်ပေါ်အကျမခံဘဲတောင့်ခံထားလို့ပဲဖြစ်တယ်။

"မင်းရော? ဘာထူးလဲ? ငါ့ကိုကယ်တင်ရှင်တစ်ယောက်လိုတွယ်ကပ်ခဲ့ပြီးမှ မင်းရဲ့ Irene နောက်ကိုလိုက်နေတာတွေ'

! ငါမသိဘူးမထင်နဲ့ ငါအကုန်သိတယ် ဒါပေမယ့် ငါမျိုသိပ်ခဲ့ရတယ် ဒါပေမယ့် ဒီနေ့ငါဘယ်လိုမှမျိုသိပ်မထားနိုင်တော့လို့ မင်းကိုဖွင့်ပြောခဲ့ပြီ ငါတို့ဒီနေရာမှာတင်ရပ်လိုက်ကြတာကောင်းမယ်"

သူပြောတဲ့စကားတွေက ကျွန်တော့်ကိုအရမ်းပုတ်ခတ်ရှုံ့ချခဲ့တယ်

အထူးသဖြင့်ကျွန်တော်အချစ်တွေကိုပေါ့

ကျွန်တော့်ကို သူ Irene နဲ့ပြန်ပြီးမြားဦးလှည့်ခဲ့တယ်

"မဟူတ်ဘူး မင်းမှားနေပြီ! ငါမင်းကိုပြောခဲ့ပြီးပြီလေ မင်းကိုချစ်မိကတည်းက ငါ Irene ကိုမေ့ပစ်ခဲ့ပြီ သူဆိုတာ သူ့ကိုချစ်ခဲ့တဲ့အချစ်ဆိုတာ ငါ့ရဲ့အတိတ်မှာကျန်ခဲ့ပြီ အခုလက်ရှိမှာ ငါမင်းတစ်ယောက်တည်းပဲချစ်တော့တာ"

"မယုံဘူး! ဒီနေ့မင်းသူငယ်ချင်းတွေငါ့ကိုပြောတယ် မင်း Irene နောက်ကိုလိုက်နေတယ်တဲ့! မင်းဒီနေ့ Tutorial တောင်လာဖြေသလား သူ့အတွက်ကြောင့်နဲ့ မင်းအရာအာလုံးကိုမေ့ပစ်နေတာလေ"

"မဟုတ်ဘူး ဒါသူတို့စိတ်ထင်နေတာတွေပြောနေတာ။ ငါအရင်က Irene ကိုစွဲလန်းခဲ့တာတွေကို သူတို့ကအခုထက်ထိသတင်းဆက်သယ်နေတာ သူတို့က မင်းနဲ့ငါအကြောင်းကိုမသိကြသေးဘူးလေ"

"ငါ့ကိုဒီလောက်ပဲလိမ်ရရင်တော်ပြီပေါ့! ကိုယ် ဝန်မခံချင်လို့ငါ့ကိုမျှော်လင့်ချက်တွေပေးပြီး ဆက်မလိမ်ပါနဲ့တော့"

"ငါကမဟုတ်ဘူးလို့ပြောနေတယ်လေ ဘာ့ကြောင့် ငါ့ကိုမယုံရတာလဲ"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now