Ch-20

948 96 0
                                    

Unicode

(zawgyi below)

Jaehyun's POV

"Jaehyunie! ထ တော့! ဒီနေ့ကျောင်းရှိတယ်ဆိုတာမင်းမေ့နေပြီလား? မြန်မြန်ထပြီးကျောင်းလာခဲ့နော် ငါအရင်သွားနှင့်ပြီ မင်းနဲ့အတူသွားရင် တစ်မျိုးထင်ကုန်လိမ့်မယ်!"

ဆရာ့ရဲ့ တစာစာအသံလေးကြားပြီးတဲ့နောက်မှာ "ဂျိမ်း" ဆိုတဲ့တံခါးခပ်ပြင်းပြင်းပိတ်သံကိုကြားလိုက်ရတယ်။

မနက်တောင်ရောက်သွားပြီလား?

မြန်ဆန်လွန်းတဲ့အချိန်တွေကိုကျွန်တော်မုန်းမိပါရဲ့

မနေ့က အသည်းအသန်အိမ်ပြောင်းလာကြပြီး ပင်ပန်းလွန်းလို့ ၂ ယောက်လုံးမလှုပ်နိုင်ဘဲ အိပ်ပျော်သွားတယ်။

Taeyong ကျွန်တော့်ကိုနှိုးပြီးတာတောင်ကျွန်တော်မထချင်။ စောင်ကိုပြန်ခြုံပြိး ခဏခွေနေလိုက်သေးတယ်။

ခြုံလိုက်တဲ့စောင်မှာ ညကကျွန်တော်နဲ့အတူအိပ်ထားတဲ့ Taeyong ရဲ့ကိုယ်သင်းနံ့လေးကစွဲကပ်ပြီးကျန်နေခဲ့တယ်။ ထိုအနံ့သင်းသင်းလေးကိုရလိုက်တော့ ကျွန်တော်ပြုံးလိုက်မိသေးသည်။ တစ်ညတည်းအိပ်ရုံနဲ့စောင်မှာပါအနံ့ကကူးသွားလေသလား? ကျွန်တော်ကပဲသူ့ရဲ့အရာရာတိုင်းကိုစွဲလန်းနေလေသလားပဲ?

တစ်ခါမှဒီလောက်မပင်ပန်းဖူးဘူး

အိမ်ပြောင်းတာကပင်ပန်းဖို့ကောင်းပေမယ့် ကျွန်တော်တကယ်တမ်းအားကုန်သွားတာက ဆရာနဲ့အတူတူရေချိုးတဲ့အချ်န်မှာမှဖြစ်သည်။

သူကအတင်းရုန်းနေတော့ ကျွန်တော်ကလည်းလိုက်ချုပ်နေရတာနဲ့တင် တော်တော်မောပန်းသွားတာ

ရုန်းကန်နေတဲ့ သူ တော့မသိဘူး ကျွန်တော်တော့ဒီမနက်အထိတောင် သိပ်မထချင်ဘူး။ မနေ့ကရေဇလုံထဲမှာ ၂ ယောက်သား ဆပ်ပြာအချွဲတွေပြောင်သွားတာပဲကျေးဇူးတင်ရမယ်။ သင်္ချာဆရာဖြစ်သလောက်ခေါင်းမာလွန်းတဲ့သူ့ကိုကျွန်တော်ဘာ့ကြောင့်ချစ်မိခဲ့သလဲမသိ။

သူ့ကိုလိုက်ချုပ်နေရင်းက ရေချိုးခန်းကသံရေဘုံဘိုင်နဲ့လိုက်နဲ့ခိုက်မိသွားသေး

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now