Ch-17

1.1K 112 0
                                    

Unicode

(zawgyi below)

Jaehyun's POV

"ဆရာ"

ကျွန်တော်ခေါ်လိုက်ပေမယ့် သူမျက်နှာမကောင်းဘူး

မတတ်နိုင်ဘူးလေ

သူ့ကိုဘာမှမလုပ်ရသေးဘဲ မရိုမသေလုပ်မိတယ်ဆိုပြီးပြောလိုက်ရတာကတော့ ကျွန်တော်လည်းလူလိမ်တစ်ယောက်လိုခံစားရပြီးစိတ်ထဲတော့မကောင်း။

ဒါပေမယ့် ဒီနည်းမှမသုံးရင် ကျွန်တော် Seoul သာပြန်ရောက်သွားမယ် ဒီဆရာနဲ့က ဒီလိုကြီးပဲနေနေရမှာ။ ဒီလိုအခြေအနေကြီးကိုကျွန်တော်တကယ်မလိုချင်တာ။ ကျွန်တော်ကဒီလိုလှည့်စားလိုက်မှ ဒီဆရာ့ကိုဖမ်းအုပ်လို့ရမှာလေ။

ကျွန်တော်စောနက တောင်းပန်တဲ့အနေနဲ့ပြောနေတုန်း ဆရာ့မျက်နှာလေးက မသိမသာရဲနေတာကိုကျွန်တော်ရိပ်တော့ရိပ်မိသား

"ငါ့လာမခေါ်နဲ့"

တွေ့လား

ဒီလောက်တောင် ဂိတ်ဆုံးနည်းနဲ့နှပ်ထားတာတောင် ဒီလိုလေသံမာပြီး အကြောကတင်းနေတုန်း။

"ဆရာကလဲဗျာ!"

ကျွန်တော်လည်းစိတ်ပေါက်ပေါက်နဲ့အော်လိုက်တော့ သူကျွန်တော့်ဘက်ကိုအလန့်တကြားနဲ့လှည့်ကြည့်လာတယ်

"မင်းကငါ့ကိုစိတ်တိုတာလား"

"ဟုတ်တယ်! ဒီလိုပဲ ဘယ်အချိန်ထိနေနေတော့မှာလဲ? ဒီလောက်ထိကျွန်တော့်ကိုအဖတ်မလုပ်ဘဲထားထားတာတောင်ထပ်ပြီး ချေချင်နေသေးတာလား"

"မင်း... မင်းဖြစ်ချင်တာတွေပဲမတွေးနဲ့"

"......."

"ကမ္ဘာကြီးက စည်းပေါ်မှာလှည့်ပတ်နေတာ။ အေး ဒီလောကမှာလည်းစည်းရှိတယ် လောကထဲမှနေနေတဲ့ လူတိုင်းမှာလည်းကျော်လွန်လို့မရတဲ့စည်းဆိုတာရှိတယ် Jaehyun"

ကျွန်တော် နားမလည်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့သင်္ချာတင်မကဘဲ သူ့အချစ်ရေးကပါထပ်မံရောစွက်ပါလာခဲ့သည်။

"မင်းကငါ့တပည့်! ဆရာနဲ့တပည့်ဆိုတာ စည်း တစ်ခုပဲ အဲ့စည်းကိုမင်းရော ငါရောကျော်လို့မရဘူး"

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now