Ch-18

1.2K 115 3
                                    

Unicode

(zawgyi below)

Taeyong's POV

တဒုန်းဒုန်းတဒိုင်းဒိုင်းသံစဉ်တွေကြား ကျွန်တော်ရောက်နေသလိုရင်ထဲမှာလည်းတဒုန်းဒုန်းတဒိုင်းဒိုင်းတွေဖြစ်နေတယ်။ ပျော်မြူးပြီးရင်ခုန်လို့တော့မဟုတ် သတ်ပစ်ချင်လောက်အောင်ဒေါသတွေအရမ်းထွက်နေလို့။ နှလုံးတစ်ချက်ခုန်တဲ့အသံတိုင်းက ဒုန်းဆိုင်းပြေးနေတာ။ တစ်ချက်ခုန်ရင် ရင်ထဲကဒေါသမီးညွန့်တစ်ချက်ပေါက်ကွဲတဲ့အသံတွေ....

DJ သံတွေကမြူးတယ်ဆို..???!!!

ဟုတ်တယ်

မြူးပါတယ်။ အရမ်းကချင်တဲ့စိတ်တွေနဲ့မြူးနေတာတော့မဟုတ်ဘူး။

ဟို တစ်ယောက်ကိုသတ်ချင်တဲ့စိတ်တွေမြူးနေတာ။ ကြွထနေတာပဲ။

မီးပြောက်တွေကလှတယ်ဆိုပဲ???

မီးပြောက်တွေထက်ပိုချောနေတဲ့ ဟိုသကောင့်သားကိုပဲသတ်ချင်တာ။

မလွယ်ပါဘူး

ဒါ့ကြောင့်ချောတဲ့လူကိုရည်းစားမလုပ်နဲ့ဆိုတဲ့ရှေးစကားတွေကသိပ်မှန်တာ။

(" တစ်ခါတစ်လေ Night Club သွားရအောင်")

Johnny ခေါ်လို့ Johnny ရယ်ကျွန်တော်ရယ် ၂ ယောက်တည်း ကဲရအောင်ဆိုပြီးကျွန်တော်သဘောတူလိုက်တာ။ ဒါကိုဘယ်ကနေဘယ်လိုကြားပြီး အခန်းထဲကနေထွက်လာလဲမသိတဲ့ တပည့် က "ဆရာမသွားပါနဲ့" ဆိုပြီးလက်ဆွဲတားပါလေရော။

Johnny နဲ့ ကျွန်တော်ကလည်း ကဲဖော်ကဲဖက်တွေဆိုတော့ ဒီတစ်ညတော့သွားမယ်ဆုံးဖြတ်ထားကြတဲ့သူတွေ။ မုန်တိုင်းတိုက်နေရင်တော့ Night Club ကိုရအောင်ချီတက်မယ်လုပ်ထားတဲ့ စိတ်တွေကဘယ်လိုမှပြောင်းမသွားဘူး။ Jaehyun ကကျွန်တော့်လက်ကိုဆွဲပြီးဝင်တားတော့ Johnny ရဲ့မျက်နှာက "ဟာာာ ဟေ့ကောင် မဖြစ်ဘူးနော်" ဆိုတဲ့ Night Club ကိုသွားဖို့ကိုပြန်နောက်ဆုတ်ပေးမှာမဟုတ်တဲ့ မျက်လုံးတွေနဲ့ကျွန်တော့်ကိုစိုက်ကြည့်လာတယ်။

ကျွန်တော်ကလည်း Johnny လိုပဲ!

သွားကိုသွားမယ်ဆိုတဲ့စိတ်

"ဒီတစ်ညပဲ မင်းဒီမှာအိမ်စောင့်" ဆိုပြီး Jaehyun ကိုပြောပေမယ့် ဒင်းကဘယ်လိုမှမရဘူး။ ခေါင်းကိုမာတာ။ ဒီတစ်ခေါက်မှ ကျွန်တော့်လမ်းစဉ်မလိုက်ဘဲ ခေါင်းမာပြနေတာ။ ကျွန်တော်က အတင်းခေါင်းမာပြတာ သူက original မာတာ။ ဒီမနက်မှချိတ်မိတဲ့ rs ကြောင့် Johnny ကိုပေးမသိစေချင်သေးတာကလည်းပါတော့ သူမရိပ်မိအောင်လည်းပြောနေရသေးတယ်

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now