Ch-12

1.3K 112 2
                                    

Unicode

(zawgyi below)

Jaehyun's POV

video ကပြီးသွားပေမယ့် ကျွန်တော့်အထန်တွေမပြီးသေးဘူး။ လူကကားပေါ်မှာ ခါးမတ်လိုက် ခါးမှီလိုက်နဲ့ဂနာမငြိမ်ဖြစ်လာရတယ်။

ကျွန်တော့်ရဲ့ထူးဆန်းတဲ့အမူအရာတွေကိုများ Lee Taeyong ကြီးနိုးလာပြီးထကြည့်လေမလားဆိုပြီး သူ့ဘက်ကိုကျွန်တော်လှည့်ကြည့်မိသေးသည်။

မှိတ်ထားတဲ့မျက်လုံးတွေဟာအခုတော့ မျက်ခွံတွေကဖုံးကွယ်ထားလို့ ကျွန်တော်ကြောက်ရတဲ့အကြည့်စူးစူးတွေရှိမနေဘူး။ မျက်လုံးမှိတ်ထားတာတောင် မျက်တောင်တွေကကော့ပြန်နေသေးတယ်

ကျွန်တော်နားမလည်အောင်ဘရွတ်ဘရွတ်နဲ့ ပုစ္ဆာတွေကိုရှင်းပြနိုင်သောသူ့ရဲ့နှုတ်ခမ်းကလည်း ခပ်ဖွဖွလေးစေ့ထားတယ်။ သေချာကြည့်မှ သူ့နှုတ်ခမ်းကအနည်းငယ်ပါးသလိုနဲ့လှနေတယ်။

တွက်စာကို ကျက်စာဖြစ်အောင်လုပ်ပေးတတ်တဲ့ သူ့မျက်နှာကအခုတော့ ကြမ်းတမ်းပြီးတင်းမာလွန်းတဲ့သင်္ချာဆရာတစ်ယောက်ရဲ့မျက်နှာဖုံးကိုချွတ်ချထားတယ်ထင်ပါရဲ့

ဘာ့ကြောင့်ဆိုတော့ သူ့ရဲ့ရိုးရှင်းလွန်းတဲ့မျက်နှာအမှန်တစ်ခုကိုကျွန်တော်တစ်ခါမှမမြင်ဖူးဘူးလေ

Mark ပြောတဲ့ သူတို့ညီအစ်ကိုတွေကချစ်ဖို့ကောင်းကြတယ်ဆိုတာကိုကျွန်တော်လက်ခံလိုက်ရတယ်

ဆရာ့ဘက်က aircon လေမှုတ်နေတော့ သူ့ရဲ့ခေါင်းပေါ်ကဆံပင်လေးတွေကလှုပ်ရမ်းနေတယ်။

ခေါင်းတည့်တည့်ကိုလေအေးထိတာကြာလာရင်အအေးမိမှာစိုးလို့ aircon ကိုအခြားဘက်ပြောင်းရွှေ့ပေးဖို့ ကျွန်တော်သူ့ဘက်ကိုအနည်းငယ်တိုးလိုက်တယ်။

အဲ့နောက်မှာ aircon လေကပြင်းတော့ သူ့ဆံပင်အချို့ကကျွန်တော်ပါးပြင်ကိုလာရိုက်သွားတယ်

ဒါကိုလန့်ပြီး ရွှေ့လက်စ aircon ကိုလွှတ်ချလိုက်ပြီး ကိုယ့်ဘာသာပြန်ထိုင်နေလိုက်တယ်

သူ့ဆံပင်လေးတွေကအစကျွန်တော့်အတွက်ချစ်ဖို့ကောင်းတယ်။ လန့်သွားရတာဟာ အကြောင်းအရင်းရေရေရာရာမရှိပြန်ဘူး။

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now