Ch-9

1.4K 133 20
                                    

Unicode

(zawgyi below)

Taeyong's POV

ကျွန်တော်ကြည့်မရတဲ့ ကျွန်တော့်ညီ Renjun ရဲ့ကောင်လေး Mark က

Jaehyun နဲ့ကျောင်းနေဖက်သူငယ်ချင်း???

ဟာာာ

တကယ်ကို ဂျင်ထဲဂျက်ထဲပဲ

Mark ကိုတောင် Jaehyun ကိုချစ်တဲ့စိတ်နဲ့ကိုယ့်အိမ်သားအဖြစ်လက်ခံပေးရမယ့်သဘောမှာရှိတယ်

ဘယ်တတ်နိုင်မလဲလေ

လက်ခံပေးရမှာတော့

ကျွန်တော်တောင် Jaehyun ကိုချစ်နေသေးတာပဲ သူတို့လည်းချစ်ရှာမှာပေါ့

အရင်တုန်းကကျွန်တော်လက်မခံနိုင်တဲ့အချစ်ကိုကျွန်တော့်ညီကစခဲ့လို့ ဒီလိုလူနဲ့တွေ့တာ renjun ကံဆိုးလွန်းတယ်လို့တွေးခဲ့တာ

အခုတော့ သူကကံကောင်းနေတာ

သူနဲ့ Mark ကအဆင်ပြေတယ်

မပြေဘဲနဲ့ တစ်ဖက်စောင်းပြီးနင်းကန်ချစ်နေရတာ ကျွန်တော်တစ်ယောက်တည်း

သူမသိတာလည်းတစ်ခုတော့ကောင်းတာပဲ

ဆရာနဲ့ကျောင်းသား ဆိုတဲ့စည်းကြီးကတင်းခံနေတော့လူမြင်ခံလို့မရတဲ့အချစ်တစ်ခုပဲ

Mokpo ဘက်သွားဖို့ကျွန်တော်ကားလက်မှတ်ဝယ်ဖို့တန်းစီနေစဉ်ရောက်တတ်ရာရာတွေတွေးနေမိသည်။

(" ပိတ်ရက်ကလေးတော့ငါ့ဆီလာခဲ့ကွာ ငါမျှော်နေမယ်နော်")

Mokpo မှာဆရာအနေနဲ့တာဝန်ကျနေတဲ့ ကျွန်တော့်သူငယ်ချင်း Johnny ကအတင်းလှမ်းခေါ်လို့ပိတ်ရက်လေး ၅ရက်ဆက်တုန်း သူ့ဆီမှာ ၃ရက်လောက်အချိန်သွားဖြုန်းမလို့ စိတ်ကူးခဲ့တာကြောင့် Mokpo ကိုကျွန်တော်အလည်သွားဖို့ ကားလက်မှတ်လာဝယ်တာဖြစ်သည်။

johnny ကခဏခဏခေါ်ပေမယ့်ကျွန်တော်ကဟိုရှောင်ဒီရှောင်နဲ့မို့ မသွားဖြစ်တာ တစ်နှစ်ကျော်လောက်ရှိနေပြီ။ ဒီတစ်ခေါက်တော့စိတ်ညစ်တာလေးတွေလည်းရှိတော့ငယ်သူငယ်ချင်းကိုလည်းရင်ဖွင့်ရအောင်ဆိုပြီးလာခဲ့တာဖြစ်သည်

ဘုရားစူးမိုးကြိုးလွဲ

ကျိန်ဆိုကျိန်ရဲပါတယ်

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now