Ch-6

1.6K 154 7
                                    

Unicode

(zawgyi below)

Jaehyun 's POV

Canteen တွင်တစ်ကိုယ်တော်စားပွဲလုပ်နေသောကျနော့်ကိုလူအများစုကကွက်ကြည့်ကွက်ကြည့်နဲ့။

Canteen ဆိုသောနေရာကလည်း ၂ယောက်လာရင်လာ မလာရင်အုပ်စုလိုက်လာစားသောက်ကြတဲ့နေရာမလား?တစ်ယောက်ထက်ပိုတဲ့လူအရေအတွက်သာလာစားသောက်ကြတဲ့နေရာမှာကျနော်ကတစ်ယောက်တည်းဆိုတော့နည်းနည်းတော့ထူးဆန်းနေတာပေါ့။ တစ်ယောက်တည်းဆိုပြီးတော့လည်းမှာထားတဲ့ထမင်းကြော်ကိုအားရပါးရကုန်းစားနေတာလည်းမဟုတ်။ မေ့ထောက်ပြီးတမှိုင်မှိုင်ဖြစ်နေတဲ့ကျနော်ကတော့ကိုယ့်အတွေးနဲ့ကိုယ်။

"ဟေ့ကောင် ပေါက်ပေါက်ရှာရှာ ငါကမင်းစာကိုယူသွားမလားကွသေချာစဉ်းစားပြီးပြောစမ်းပါကွာ"

အမှန်အတိုင်းပြောနေတဲ့ပုံစံကိုထောက်ရရင်တော့ ကျနော်ပင်ပင်ပန်းပန်းရေးထားတဲ့ရေမွှေးဖြန်းထားတဲ့ရည်းစားစာကို Taeil ယူသွားတာမဟုတ်။

ဒါဆိုဒီရည်းစားစာကဘယ်နားကခြေထောက်ပေါက်ပြီးဘယ်သူ့ဆီရောက်သွားရတာလဲ??,

အခုတလောအလွဲလွဲအချော်ချော်ဖြစ်နေတဲ့ကျနော့်ကိုမန်းမှုတ်ပြီးယတြာချေပေးကြပါ လို့သာအော်ပြောချင်လိုက်တယ်။

ဘယ်နှယ့် မူးရူးပြီးမှားဝင်မိတဲ့အဆောင်ခန်းကအစ ဆရာ့အခန်း။ဆရာတောင်မှလုံးဝ လုံးဝ အကြီးကြီး အန္တရာယ်ရှိတဲ့ဆရာ။ ရင်ထဲမှာရှိလာတဲ့ မရှိမယ့်ရှိမယ့် crush လေးကိုလည်းပေးမယ့်ရည်းစားစာကလည်းသဲလွန်စကိုရှာလို့မရအောင်ကိုပျောက်တာ။ငါလေးဟာဘယ်လိုတောင်ကံတွေကောင်းနေတာလားးး???? အားရပါးရငုတ်တုတ်ထိုင်ပြီးငိုချလိုက်ချင်တယ်။

"အဟမ်း"

ကျနော့်ဘေးနားလာရပ်တဲ့လူတစ်ယောက်ကိုကျနော်သတိထားမိလိုက်တယ်။ဒါတောင်ဒီလူကကျနော့်ဘေးနားမှာချောင်းလာဟန့်လို့ ၊ မဟုတ်ရင်ကျနော်သတိထားမိမှာတောင်မဟုတ်။အဲ့လောက်ထိကိုကျနော်လည်းပူဆွေးနေရှာတာ။

ချောင်းလာဟန့်တဲ့လူကိုကျနော့်အောက်ကနေစကြည့်မိတယ်။ ပြောင်နေတဲ့ဖိနပ် ၊ စမတ်ကျတဲ့အနက်ရောင်ဘောင်းဘီ ၊ရှပ်အကျီၤအဖြူရောင်

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now