. Ch-26 (Final Part)

2.3K 125 8
                                    

Unicode

(zawgyi below)

Jaehyun's POV

5 years later

"အစ်ကို ဒီမှာခဏထိုင်နော်"

"nae"

မိန်းကလေးတစ်ဦး ကျွန်တော့်ကိုခေါ်လာတဲ့အခန်းလေးတစ်ခုထဲကျွန်တော်ထိုင်လိုက်တယ်။ ထိုမိန်းကလေးကတော့ အခန်းတံခါးပြန်ပိတ်ပေးပြီး တခြားတစ်နေရာရာကိုထွက်သွားတယ်။

အခန်းထဲမှာ aircon လေကြောင့်အေးနေပြီး ကျွန်တော်ကလွဲရင်ဘယ်သူမှမရှိ။

အိတ်ကပ်ထဲကို လက်နှိုက်လိုက်ပြီး ယောက်ျားကိုင်ပိုက်ဆံအိတ်ခပ်ပါးပါးကိုထုတ်ကြည့်လိုက်တယ်။ အိတ်ထဲမှာထည့်ထားတဲ့ဓာတ်ပုံတစ်ပုံကိုကျွန်တော်မြင်လိုက်မိတော့ တစ်ချက်ပြုံးလိုက်မိသေးတယ်။

သူနဲ့ကျွန်တော်က ဆရာနဲ့တပည့်အဆင့်ကနေတက်ကြတာမို့ အမှတ်တရတွေဘာဆိုဘာမှသိပ်မရှိကြ။ ကျွန်တော့်အိတ်ထဲမှာထည့်ထားတဲ့ ဒီဓာတ်ပုံဆိုတာကလည်း ကျောင်းစာရေးကိုအတင်းကပ်တွယ်ပြီး သူ့ဓာတ်ပုံကိုငှားကာ copy ပြန်ပွားထားရတဲ့ပုံသာဖြစ်တယ်

သူ့ဓာတ်ပုံလေးကိုမြင်လိုက်ရတော့ အေးစက်စက်အရသာရှိသောလေထုထဲဝယ်ကျွန်တော့်နှလုံးသားကတစ်စုံတစ်ယောက်ကိုပူပူလောင်လောင်လွမ်းလိုက်ရတယ်။

ဘယ်တော့မှထွက်မသွားပါဘူးဆိုပြီး သူကျွန်တော့်ကိုအသိပေးခြင်းမရှိဘဲထားခဲ့တယ်

အဆက်အသွယ်တွေအကုန်ဖြတ်ခဲ့တယ်။

ဘယ်အချိန်ထိလဲဆိုရင် အခုအချိန်အထိပဲ

ကျောင်းသားဘဝ မုန့်ဖိုးနဲ့တင်းတိမ်နေရတဲ့ဘဝကနေ ကိုယ်ပိုင်အလုပ်နဲ့ ကျွန်တော့်ပိုက်ဆံအိတ်လေးဖောင်းလာတဲ့အထိပဲ

အင်းးး ဟုတ်တယ်

သူအချိန်တော်တော်ကြာတဲ့အထိကျွန်တော့်ကိုပစ်ထားခဲ့တာ

အခုအချိန်ထိပစ်ထားခဲ့ဖို့ သူဘယ်တုန်းကတည်းကကြိုတင်ကြံစည်ထားလဲ ကျွန်တော်မသိခဲ့ဘူး

ဒါပေမယ့်...

အဲ့နေ့ပေါ့....

ကျွန်တော် စာမေးပွဲဖြေပြီးတဲ့နောက်ဆုံးနေ့...

🎉 You've finished reading အရမ်းချစ်ခဲ့ဖူးသည် (အရမ္းခ်စ္ခဲ့ဖူးသည္) 🎉
အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now