"ဘယ်လိုပုံစံနဲ့အခုလိုဟိုတယ်ထိလိုက်လာတာလဲ... သားခေတ်"
ဝတ်စုံတင်အိမ်နေရင်းအဝတ်အစားနဲ့ထွက်လာတာမဟုတ်... စီးလာတဲ့ဖိနပ်ကပါ အိမ်နေရင်းစီးတဲ့ကွင်းထိုး Slipper... ဖိနပ်ဦးထိပ်ကိုပဲအကြည့်ပို့ထားတဲ့သားငယ်ကိုမေးခွန်းစကားဆိုမိတော့... မွေးစားအစ်ကိုရဲ့သား ဆွေမျိုးစပ်မည်ဆိုပါက တူတော်စပ်သူဦးငယ်ဆိုတဲ့အမည်နာမပိုင်ရှင်ကဖြေရှင်းချက်ပေးဖို့ကြိုးစားနေတာမို့ မင်းကိုမေးတာမဟုတ်ဘူးဆိုသည့်သဘောနှင့်လက်ကာပြမိသည်... စီးပွားရေးကိုပဲအချိန်ပြည့်ခေါင်းထဲထည့်ထားသူမို့... သားသမီးတွေနဲ့တရင်းတနှီးမနေဖြစ်တဲ့အခါ... အရွယ်ရလာတဲ့အကြီးနှစ်ယောက်ကနားလည်ပေးနိုင်သည်ဟုယူဆလို့ရပေမဲ့... ငယ်ငယ်လေးကတည်းကကိုယ်နဲ့နီးနီးကပ်ကပ်မနေရဘဲ သူ့ဖေကြီးတို့လက်ပေါ်မှာကြီးပြင်းခဲ့ရတဲ့သားခေတ်နဲ့ကသွေးအေးတာထက်ပိုတဲ့အနေအထား...
"ဦးငယ် သားကိုထားသွားမှာစိုးလို့... အမြန်လိုက်လာတာမို့အဝတ်အစားမလဲခဲ့ရတာပါ"
"ဒါ Daddy အလုပ်ခွင်ဆိုတာသားသိတယ်မဟုတ်လား"
"ဟုတ်..."
"သားကလူတိုင်းကိုမသိပေမဲ့ ဒီမှာသားကိုသိတဲ့လူတွေအများကြီးရှိတယ်... Daddy သားသမီးတွေကအခုလိုကလေးဆန်ဆန် Daddy အလုပ်ခွင်ထဲလိုက်လာတာမျိုးမလိုချင်ဘူး... တစ်ချိန်ကျရင်ဒီဟိုတယ်ကိုသားတို့ကိုယ်တိုင်ဦးစီးရမှာ... အဲဒီအချိန်ကျကလေးဆန်တယ်ဆိုပြီးသားအပေါ်လူတွေမယုံကြည်ရင်ဘယ်လိုလုပ်မလဲ..."
"သားကအခုမှကလေးပဲရှိသေးတာကို... လူကြီးဖြစ်လာတဲ့အချိန်ကျလူတွေသားကိုယုံကြည်လာမှာပေါ့"
"အဲလိုယုံကြည်ခံရဖို့အခုကတည်းက ကလေးမဆန်သင့်တော့ဘူး သားခေတ်"
"Daddy ကလည်း..."
စိတ်ရှုပ်သလိုလေးညည်းညည်းညူညူပြောကာ လည်ပင်းသားတွေကိုပွတ်သပ်နေတဲ့သားခေတ်...
"အိမ်ဝင်ပို့ထားခဲ့ ခေါ်မသွားနဲ့..."
စကားအသွားအလာအရဘာကိုဆိုလိုတာမှန်းသဘောပေါက်လွယ်တဲ့သားခေတ်ကတော်စပ်မှုကိုရေရွတ်သည်...