Part-10

6K 576 13
                                    

"သားခေတ် ကောင်းကောင်းဖြေလာနော် မားမားတို့အပြင်မှာစောင့်နေမယ်"

စာမေးပွဲဖြေရမဲ့ကာယကံရှင်ကမတုန်မလှုပ်အေးတိအေးစက်ဖြစ်နေသလောက် အိမ်ရှိလူကုန်ကစိတ်ပူနေရတာ... စာမေးပွဲစဖြေတဲ့ရက်မို့စိတ်လှုပ်ရှားပြီးပူပန်နေမလားစိုးရိမ်မိပေမဲ့ အပြုံးမပျက်တဲ့မျက်နှာလေးကြောင့် စိတ်ကိုအဆုံးထိလျော့ချနိုင်ခဲ့သည်...

"ဦးငယ်ရောစောင့်နေနော် သားထွက်လာမှအလုပ်သွား..."

စာမေးပွဲမဖြေခင်ကတည်းကဦးငယ်ကိုယ်တိုင်အကြိုအပို့လုပ်ပေးရမှာဆိုပြီး အတင်းကာရောဂျီကျနေတာမို့မနိုင်တဲ့အဆုံးသူ့ Daddy ခွင့်ပြုချက်နဲ့လက်ခံမိတာ... အခုလည်းကြည့်... လိုက်ပို့ပေးတာနဲ့တင်အားမရသေး သူဖြေပြီးသည်အထိစောင့်ပေးဖို့တောင်းဆိုနေပြန်သည်... ခေါင်းမညိတ်ခင်အထိပြိုတော့မဲ့မိုးလိုမှိုင်းညို့နေတဲ့မျက်နှာလေးက ခေါင်းတစ်ချက်အညိမ့်မှာတိမ်စင်တဲ့ကောင်းကင်လိုကြည်လင်လို့...

"ဒီဘက်လှည့်ဦး..."

"..."

ကိုယ့်စကားဆိုမဆုံးခင်ကတည်းကနာခံလျက်သားဖြစ်နေတတ်တဲ့သူ့အကျင့်လေးတွေ...

"ကြယ်သီးတွေဘာလို့အကုန်တပ်ထားတာလဲ မမွန်းဘူးလား"

ကျောင်းအင်္ကျီအဖြူလေးရဲ့ အပေါ်ဆုံးကြယ်သီးကိုဖြုတ်ပေးရင်းစကားဆိုမိတော့...

"မွန်းတယ်လေ... မမဖူးကအကုန်တပ်ရမယ်ဆိုလို့..."

"ဦးငယ် ဖြုတ်မပေးနဲ့... ဗေဒင်ဆရာကဝတ်စုံပြည့်ဝတ်ရမယ်လို့ယတြာပေးထားတာမို့..."

ဖြုတ်ထားမိတဲ့ကြယ်သီးကိုအတင်းပြန်တပ်ပေးနေတဲ့မေဖူး... ဒီကလေးနဲ့ပတ်သက်ရင်အားလုံးကတစ်ယောက်တစ်မျိုးစီရူးသွပ်ကြသည်...

"ကောင်းကောင်းဖြေခဲ့... ဦးငယ်စောင့်နေမယ်"

"ဟုတ်..."

စာမေးပွဲဖြေဆိုချိန်အတွင်း မေးခွန်းဖတ်ရင်းစိတ်ရှုပ်နေမလား ကျက်ထားသမျှတွေမှတ်မိပါ့မလားဆိုတဲ့အတွေးတွေနှိပ်စက်တဲ့အခါ အပြင်မှာကျန်ခဲ့တဲ့ကိုယ်ဟာထိုင်ဖို့တောင်မေ့နေလောက်တဲ့အထိ...

ပျော်ရွှင်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now