~တောင်းပန်လွှာ~

10.2K 440 35
                                    

ပထမဦးဆုံးအနေနဲ့
ကိုယ့်ရဲ့မဖြစ်စလောက်ဇာတ်လမ်းတွေကို ဖတ်ရှုပေးတဲ့စာဖတ်သူအပေါင်းကိုကျေးဇူးတင်ပါတယ်လို့...
ဒီဇာတ်လမ်းလေးပြီးတော့စာဖတ်သူတွေကိုတောင်းပန်ချင်တာသုံးခုရှိပါတယ်...

ပထမဆုံးအနေနဲ့ SE မလုပ်ပါနဲ့လို့အားလုံးဝိုင်းပြောတဲ့ကြားကလုပ်လိုက်မိတာကိုပါ
အစကတည်းကစိတ်ကူးထားတဲ့ဇာတ်လမ်းလေးကိုစိတ်ကူးထားတဲ့အတိုင်းပုံဖော်မိခြင်းရယ်ပါ...SEကိုအားသန်တာမဟုတ်သလိုစာဖတ်သူတွေကိုမလေးမစားလုပ်တာလည်းမဟုတ်ပါဘူးနော်...

ဒုတိယအနေနဲ့ကအရေးအသား အချိတ်အဆက်ညံ့သွားတာကိုပါ...အလုပ်ပြန်ဝင်ဖို့ရန်ကုန်ကိုပြန်ခါနီးမို့မအားတဲ့ကြားကရေးဖြစ်တဲ့အခါ...ဖတ်လို့သိပ်အဆင်မပြေခဲ့ရင်တောင်းပန်ပါတယ်လို့...အချိန်ယူရေးသင့်ပေမဲ့ဘယ်လိုမှအားလာမှာမဟုတ်တဲ့အခြေအနေကြောင့်ပါ...

တတိယအနေနဲ့ကတော့ ရေးလက်စ "ကျွန်တော့်ရဲ့ကမ္ဘာ" နဲ့ "မတားထားသော" နှစ်ပုဒ်ကို Update ကြာမယ်ဆိုတဲ့အကြောင်းပါ... သင်္ကြန်ပိတ်ရက်မှာအားလုံးအပြီးလို့မှန်းထားပေမဲ့ ဖြစ်မလာခဲ့တာကိုတောင်းပန်ပါတယ်လို့...ည 8 နာရီလောက်မှရောက်တဲ့အိမ်ပြန်ချိန်တွေရယ် အပြည့်အဝနားခွင့်မရတဲ့အားလပ်ရက်တွေကြောင့် ဒီနှစ်ပုဒ်ကိုမျှော်နေသူများရှိခဲ့ရင်နားလည်ပေးပါလို့...

အဆွိဖတ်ချင်တဲ့ကလေးလေးတွေကို You are my everything... လေးဖတ်ကြည့်ကြပါလို့အမှာပါးပါရစေ...

အားလုံးကိုလေးစားလျက်ပါနော်... *_^

ပျော်ရွှင်ခြင်းရဲ့နောက်ကွယ်Donde viven las historias. Descúbrelo ahora