"သားခေတ်... သားစားလေ"
မေလဲ့လုပ်ပေးတဲ့ငါးထမင်းနယ်စားချင်ပါတယ်ဆိုလို့... လုပ်ကျွေးတာ...တကယ်တမ်းစားဆိုတော့ ဟုတ်တိပတ်တိမစားဘဲနှံ့အောင်မွှေနေတာမို့...
"နေလို့မကောင်းဘူးလား သားငယ်... တခြားဘာစားချင်လို့လဲ"
နဖူးလေးကိုအသာစမ်းရင်း စကားဆိုမိတော့ ခေါင်းကိုသာခါပြသည်... သူ့ဦးငယ်နောက်မလိုက်ရကတည်းကတစ်အိမ်လုံးကိုစကားသိပ်ပြောတာမဟုတ်... အထူးသဖြင့်သူ့ဒယ်ဒီဆိုမျက်နှာချင်းတောင်အဆိုင်မခံ...
"အဲဒါဘယ်လဲ... သားခေတ်"
"သားဝပြီ..."
"စားချင်တယ်ဆိုလို့လုပ်ပေးထားတဲ့သူတွေကိုအားမနာဘူးလား ငါးထမင်းနယ်စားမဲ့သူဆိုလို့ဒီအိမ်မှာတစ်ယောက်ပဲရှိတာ... မစားချင်ရင်ဘာလို့လုပ်ခိုင်းတာလဲ"
"..."
သူ့ဒယ်ဒီဆူတာကို မျက်နှာငယ်လေးနဲ့ပြန်ကြည့်နေတဲ့သားခေတ်...
"ပြန်ထိုင်... အဲဒါကုန်အောင်စားပြီးမှသွား..."
မိသားစုစုံနေတဲ့ထမင်းဝိုင်းမှာ သားခေတ်မျက်နှာလေးမကောင်းတာကို အားလုံးသတိထားမိပေမဲ့တစ်ယောက်မှဝင်မပြောရဲ...
"ကလေးမစားချင်တာကိုအတင်းမကျွေးပါနဲ့ မောင်ဟန်ရယ်"
အကူအညီတောင်းသလိုမျက်လုံးတွေနဲ့ကြည့်လာတဲ့သားခေတ်လေးကြောင့် စကားဆိုမိတော့...
"ကျွန်တော့်သားကိုကျွန်တော်ဆုံးမတာ မမလဲ့တို့ဝင်မပါပါနဲ့..."
ဦးဘုန်းသီဟန်ခေတ်ဆိုတာအဲလိုလူမျိုး... သူ့သားသမီးတွေဟာသူ့လိုပဲဖြစ်ရမယ်လို့အတ္တကြီးတဲ့သူ... ဝါသနာပါတာလုပ်ဖို့မတားမြစ်ပေမဲ့ကိုယ်လုပ်တဲ့အလုပ်မှာအတော်ဆုံးဖြစ်နေတဲ့အကြီးနှစ်ယောက်ကိုအားရသလောက်... ငယ်ငယ်ကတည်းကကျန်းမာရေးချူချာလွန်းကာ အားလုံးရဲ့အလိုလိုက်ခြင်းကိုခံခဲ့ရတဲ့သားခေတ်လေးကိုသူအားမရခဲ့ပါ... သူ့သားစိတ်ကိုသိတဲ့သားခေတ်ဘွားဘွားကပြင်ဦးလွင်မှာပဲကလေးကိုခေါ်ထားပြီးအတူနေစေခဲ့တာအက်စီးဒင့်မဖြစ်ခင်အထိ... သားတစ်ယောက်တည်းမွေးပြီးကလေးမရနိုင်တော့တဲ့ကိုယ့်အတွက်သားခေတ်လေးဟာ သားအရင်းနီးပါးဖြစ်ခဲ့သလိုညီလေးသိပ်လိုချင်တဲ့သားကြီးအတွက်သားခေတ်ဟာအလိုက်စရာညီငယ်လေးဖြစ်ခဲ့တာ... မွေးစားညီအစ်ကိုလို့ပြောပေမဲ့သူ့ညီကိုယ်ပွားလေးဟုတဖွဖွပြောကာ သွားလေရာခေါ်သွားတတ်တဲ့တိမ်ယံ့ဖေဖေနဲ့မိုးရွာထဲကော်ဖီခြံကိုအသွားကားအက်စီးဒင့်ဖြစ်ခဲ့ရာက နှလုံးထိခိုက်သွားတာကြောင့်ရန်ကုန်မှာဆေးလာကုရင်းပြင်ဦးလွင်ကိုပြန်ခွင့်မပေးတော့တဲ့မောင်ဟန်... "သားခေတ်လည်းကြီးလာပြီ အမြင်ကျယ်အောင်ဒီမှာပဲထားတော့မယ်" ဟူသောကလေးအနာဂတ်အတွက်စဉ်းစားထားတဲ့ဆုံးဖြတ်ချက်မျိုးမို့တစ်ယောက်မှမကန့်ကွက်ခဲ့တာ... ဥငယ်လို့အိမ်မှာချစ်စနိုးအခေါ်ခံရတဲ့သားကြီးကိုလူကြီးတွေခေါ်သလိုလိုက်ခေါ်ရာက... အသက်အရွယ်အရဦးငယ်လို့ပြောင်းခေါ်တတ်အောင်မနည်းသင်ပေးခဲ့ရတဲ့သားခေတ်ကသူ့ဦးငယ်ပါရန်ကုန်လာမနေရင်သူလည်းမနေဘူးဟုဆိုသဖြင့် ပြင်ဦးလွင်မှာအေးအေးဆေးဆေးကော်ဖီခြံစိုက်စားနေတဲ့သားကြီးကဒီရောက်လာပြီးဟိုတယ်တွေမှာဦးစီးနေရတာ... အိမ်ထောင်ပြုဖို့အရွယ်တောင်ကျော်လာခဲ့တဲ့သားကြီးဟာ လက်ထက်ဖို့ကိစ္စပြောတိုင်းသားခေတ်ကိုအလိုလိုက်ရတာတောင်မဝသေးဘူးဟုဆိုကာငြင်းဆန်နေတုန်း... အမှန်တကယ်ဆိုသွေးသားမတော်စပ်မှန်းသိနေရက်နဲ့...
