"ဘယ်လိုသဘောရလဲ မြေးကြီး... ဘွားဘွားကတော့စီစဉ်ချင်ပြီ..."
လေလှိုင်းထဲကတစ်ဆင့်ဖြတ်သန်းလာတဲ့ ဘွားဘွားရဲ့စကားသံ... ငြင်းဆန်ချင်ပေမဲ့ကိုယ်ဆိုတာဘယ်တုန်းကမှလူကြီးတွေစိတ်ဆင်းရဲအောင်မလုပ်ဖူးတဲ့သူ...
"ဘွားဘွားတို့သဘောပါ..."
တစ်သက်လုံးပေါင်းသင်းနေထိုင်သွားရမဲ့မိန်းမတစ်ယောက်ကို ကိုယ့်သဘောကိုယ့်ဆန္ဒတစ်စုံတစ်ရာမပါဘဲစကားတစ်ခွန်းတည်းနဲ့ခေါင်းညိတ်လက်ခံမိသည်...
"ဦးငယ်... သားရေချိုးတော့မယ်"
"မြေးခေတ်လေးအသံလား... ကျောင်းကပြန်ရောက်ပြီလား"
နေပူထဲကပြန်လာလို့ရေမချိုးပါသေးနဲ့ဦးဆိုတာကိုပူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖုန်းပြောနေတာကိုအခွင့်ကောင်းယူကာရေချိုးခန်းထဲဝင်ဖို့လုပ်နေတာမို့...
"ဟုတ်တယ် ဘွားဘွား အခုပဲကျောင်းကကြိုလာတာ... ကျွန်တော်နောက်မှပြန်ဆက်လိုက်မယ်နော်..."
"အေးအေး... မြေးခေတ်ကိုဘွားဆီဖုန်းဆက်ဖို့ပြောလိုက်ဦး..."
စကားမဆုံးခင်ပြတ်တောက်သွားသောဖုန်းCallတစ်ခု... သားခေတ်ဆိုတဲ့စိတ်ပူကြီးစွာခေါ်နေတဲ့အသံ... မြေးကြီးကိုအိမ်ထောင်ချပေးမယ်ဆိုတဲ့အကြောင်းသားခေတ်ကိုအလောတငင်မပြောဖို့အကြံပေးလာတဲ့သားကြီး... ငယ်တုန်းမို့သံယောဇဉ်တွယ်တာလွန်းမကတွယ်တာနေတာပါလို့လွယ်လင့်တကူသတ်မှတ်မိသည်...
"သားခေတ်... မချိုးရသေးဘူး... ရေမထိရသေးခင်ပြန်ထွက်လာ..."
ရေချိုးခန်းတံခါးလော့ခ်ချသွားပြီမို့ အပြင်ကနေအလောကြီးစွာတားမြစ်မိသည်...
"သားခေတ်... ဦးငယ်ပြောတာကြားလား..."
ပွင့်ဟလာတဲ့ရေချိုးခန်းတံခါးနောက်မှာ အပေါ်ပိုင်းဗလာနဲ့ကျောင်းလုံချည်နက်ပြာကိုခပ်တိုတိုဝတ်ထားတဲ့ကလေး... တက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီကိုကလေးဆန်ချင်နေသေးတဲ့ကောင်လေးကိုအသည်းယားမိသည်...
"သား ပူလှပြီ..."
"ပူလည်းခဏနေဦး..."
ခန္ဓာကိုယ်ကိုစေ့စပ်စွာကြည့်ပြီးသကာလ... ချွေးတိတ်ပြီဆိုတာသေချာမှ...