Devil<Part-9>
Time is flying fast.....
After four years later.....
အပြာရောင်တစ်ထပ်အိမ်ပုလေးတစ်အိမ်၏ရှေ့တွင် ဂါဝန်အပန်းရောင်ကားကားလေးနှင့် ကလေးလေးတစ်ယောက်...
ကစားရတာအရမ်းမောနေသည်နှင့်တူသည်...
နဖူးပြင်တွေချွေးစက်လေးတွေ တွဲလွဲခိုလျက်.....ရှေ့တွင်ကျနေသောဆံမြိတ်အချို့တွင် ချွေးအချို့စိုစွတ်လောက်အောင်မောနေသော်လည်း ကလေးမလေးမှာ အဖြူရောင်ရှူးဖိနပ်ဝတ်ထားသော သူမ၏ခြေထောက်သေးသေးလေးများနှင့် မရပ်မနားခုန်ပေါက်နေသေးသည်...
ဖြူဥနေသောမျက်နှာပြင်ပေါ်တွင် ပါးမို့မို့လေးနှစ်ခုက နေရောင်အောက်တွင် နီရဲနေသယောင်....
ဖောင်းဖောင်းတစ်တစ်လက်ကလေးတစ်ဖက်တွင် ပူစီဖောင်းမှုတ်သည့် ဆပ်ပြာဘူးလေးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားပြီးကျန်လက်တစ်ဖက်က မှုတ်တံလေးကိုကိုင်ထားသည်..."ဝှါး......ပူဖောင်းလေးတွေအများကြီးပဲ..."
နဂိုမို့မို့လေးဖြစ်နေသော ပါးလေးကိုဖောင်းကာ ပူဖောင်းလေးများကိုအားပါးတရမှုတ်ထုတ်ရင်း အိမ်ရှေ့မှဖြတ်လျှောက်သွားသောလူတိုင်းကိုလည်း အော်ဟစ်ကာနှုတ်ဆက်နေသေးသည်...သူမ၏အသဲပုံ ပုံစံရှိသောနှုတ်ခမ်းလေးကို ပြုံးပြလျက်...
ထိုတစ်ထပ်အိမ်လေး၏အထဲတွင် လှပနေအောင်ပြင်ဆင်ထားသောမိန်းမကြီးက သူမ၏လက်သည်းအားအလှဆင်ပေးနေသော မိန်းကလေးကိုပြောလိုက်သည်...
"Baekရေ...နင့်သမီးsooလေးက တစ်နေ့တစ်ခြားပိုပိုပြီး ချစ်စရာကောင်းလာတယ်နော်..ငါဖြင့်ချစ်လိုက်တာအေ..."Baek ကစားနေသောသူမ၏ သမီးလေးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး မျက်နှာတွင် ပီတိပြုံးလေးတစ်ခု ဖြစ်ထွန်းသွားသည်...
ထို့နောက် သူမ၏အာရုံကို အလုပ်စားပွဲခုံပေါ်တွင်ရှိသော အန်တီကြီး၏လက်သည်းစီသို့ပြန်ပို့လိုက်ပြီး...
"ဟုတ်တယ်..အန်တီsuရေ..
တော်သေးတာပေါ့....sooလေးက သူ့ဟာသူတစ်ယောက်တည်းဆော့တတ်လို့...
baekကသူတစ်ယောက်တည်းပျင်းနေမှာစိုးရိမ်နေတာ....
baekအလုပ်လုပ်တဲ့အချိန်ဆိုလုံးဝအနှောင့်အယှက်မပေးဘူး...သူ့ဟာသူဆော့နေတာ..."
baek မိခင်တစ်ယောက်၏ ဂုဏ်ယူသောအပြုံးလေးဖြင့် ပြောလိုက်သည်...
YOU ARE READING
Devil
RastgeleTeaser ရှင်ခံစားဖူးလား... ခိုကိုးရာမဲ့ပြီးမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရှင်ခံစားဖူးလား... စူးစူးနစ်နစ်ချစ်ရသူရဲ့လျစ်လျူရှုမှုကို ရှင်ခံစားဖူးလား... ကိုယ့်သွေးသားအရင်းအခြာကိုအကြိမ်ကြိမ်စွန့်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မခံစား...